စိတ်ကျန်းမာရေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တာပါ။

ကျုးလွန်သူဟာ အောက်တိုဘာ ၁၆ ရက်မနက်ပိုင်းက အကျီအဖြူလက်ရှည်နဲ့ ပုဆိုးဝတ်ဆင်ထားကာ မစင်တွေကို အိတ်နဲ့ထည့်လာပြီး ကျုးံဘေးပလက်ဖောင်းက အားကစားပစ္စည်းတွေပေါ်မှာ မစင်တွေ လိုက်လံသုတ်ခဲ့တာကို စီစီတီဗီမှတ်တမ်းတွေ မှာ ဖော်ပြထားပါတယ်။

Photo- Ye Lwin FB (ကျူးလွန်သူရဲ့ ဓာတ်ပုံ)

မန္တလေးမြို့ ၆၆ လမ်း ကျုံးဘေးလျှောက်လမ်းမှာ အများပြည်သူလေ့ကျင့်ခန်းလုပ်နိုင်အောင် ထားတဲ့ အားကစားပစ္စည်းတွေကို လူတစ်ဦးက မစင်နဲ့ လိုက်သုတ်ခဲ့တဲ့ စီစီတီဗီမှတ်တမ်းတစ်ခုကို  မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။

မစင်သုတ်သွားသူကို အောက်တိုဘာ ၂၁ ရက်က ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖမ်းဆီးမိခဲ့ပြီး စစ်ဆေးချက်အရ ကျုးလွန်သူမှာ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်နေတာကြောင့် အရေးမယူခဲ့ဘူးလို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က Duwun ကိုပြောပါတယ်။

“ စစ်ဆေးကြည့်တော့ စိတ်ကျန်းမာရေးမကောင်းတဲ့သူဖြစ်နေတဲ့အတွက် ကုသဖို့ စိတ်ရောဂါကုဆေးရုံကြီးကိုပဲ ပု့ိဆောင်ပေးလိုက်ပါတယ်။ စီစီတီဗီကို ပြန်ကြည့်ပြီး ကျုးလွန်သူရဲ့ ဓာတ်ပုံကို တင်လိုက်ပါတယ်။ မှတ်မိတဲ့ ယာဉ်ထိန်းရဲတစ်ဦးကနေ သူ့ကို တွေ့ပြီး ဖမ်းဆီးပေးခဲ့တာပါ” လို့ ဦးကျော်ဆန်းမြင့်က ဆိုပါတယ်။

စိတ်ဝေဒနာရှင် အမျိုးသားမှာ အသက် (၃၀) ကျော်အရွယ်ဝန်းကျင်ရှိပြီး အိမ်ခြေမဲ့ တစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။

Photo- Ye Lwin FB

အခုလို အများပြည်သူအပန်းဖြေတဲ့နေရာတွေကို ထိခိုက်ပျက်စီးအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်တာမျိုးကို နောက်ထပ်တွေ့ရှိရင် ထောင်ဒဏ်၊ငွေဒဏ် ချမှတ်နိုင်တယ်လို့ သိရပါတယ်။

လက်ရှိတော့ မန္တလေးကျုံးဘေးမှာ မြို့တော်ရဲ့ အဂါၤရပ်ကို ကျဆင်းစေမယ့် ဒီလို ဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားအောင်  လုံခြုံရေးတွေကင်းလှည့်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။



က္က