မြန်မာနိုင်ငံအနေနဲ့ လက်ရှိအနေအထားကို သေချာထိန်းသိမ်းထားပြီး ဆက်လက်ကူးစက်ပျံ့နှံ့မှုတွေကိုလည်းထိန်းချုပ်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။

မေလလယ်ခန့်အထိ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အခုအခြေအနေအတိုင်း ပိုင်နိုင်ထိရောက်စွာ ဆောင်ရွက်မယ်ဆိုရင် ရောဂါကူးစက်ပျံ့နှံ့မှု ကြီးကြီးမားမားမဖြစ်ပေါ်နိုင်ဘူးလို့ ယူဆရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဧပြီလ ၂၆ ရက်ကထုတ်ပြန်ခဲ့တဲ့ COVID-19 ရောဂါကူးစက်ပျံ့နှံ့ဖြစ်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအားအသိပေးတင်ပြခြင်း ဖော်ပြချက်မှာ ရေးသားထားတာဖြစ်ပါတယ်။



ရောဂါပိုးစစ်ဆေးမှုမှာလည်း အနည်းဆုံး ၁၅၂ ဦးကနေကနေ အများဆုံး ၄၂၇ ဦးစစ်ဆေးပေးနေပြီး ဒီထက်ပို စစ်ဆေးလာနိုင်ရင် ရောဂါပိုးတွေ့ရှိသူလည်း များပြားလာမယ်လို့ဆိုပါတယ်။ ဒီလိုများလာတာနဲ့အမျှ ကူးစက်ပျံ့နှံ့မှု အတိမ်အနက်ကို သိနိုင်ပြီး ကူးစက်မှုများတဲ့ မြို့နယ်တွေမှာ ရောဂါထိန်းချုပ်မှုလုပ်ငန်းတွေ ဦးစားပေး လုပ်နိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ရရှိတဲ့စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ အသွားအလာစောင့်ကြည့်တဲ့ Quarantine နေရာပေါင်း ၇၀၂၀ ခန့်ရှိပြီး အသွားအလာ စောင့်ကြည့်ခံရသူ ၄၂၆၇၁ ဦးခန့်ရှိနေပြီး ဒီအချက်ဟာ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းတွေကို လုံးဝလျှော့ချလို့မရတာကို ထင်ရှားစေတယ်လို့ ဆိုပါတယ်။

လက်ရှိ ကူးစက်ပျံ့နှံ့မှု နဲ့ သေဆုံးမှု များပြားခဲ့တဲ့ အမေရိကန်၊ စပိန်နိုင်ငံတို့လို့ လုံးဝမဖြစ်ပေါ်အောင် မြန်မာနိုင်ငံအနေနဲ့ လက်ရှိ အနေအထားကို သေချာထိန်းသိမ်းထားပြီး ဆက်လက်ကူးစက်ပျံ့နှံ့မှုတွေကိုလည်း ထိန်းချုပ်ဖို့ ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ပြည်သူတစ်ဦးချင်းလိုက်နာဖို့ ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဧပြီလ ၂၆ ရက် မနက် ၇ နာရီထုတ်ပြန်ချက်အရ ရောဂါဖြစ်ပွားသူ ၁၄၆ ဦးရှိခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိ ရောဂါပိုးတွေ့လူနာတွေကတော့ ရန်ကုန်တိုင်းမှာ ၁၁၄ ဦး၊ ရှမ်းပြည်နယ်မှာ ၇ ဦး၊ စစ်ကိုင်းတိုင်းမှာ ၇ ဦး၊ ပဲခူးတိုင်းမှာ ၆ ဦး၊ ချင်းပြည်နယ်မှာ ၅ ဦး၊ မန္တလေးတိုင်းမှာ ၃ ဦး၊ နေပြည်တော်မှာ ၁ ဦး၊ မွန်ပြည်နယ်မှာ ၁ ဦး၊ မကွေးတိုင်းမှာ ၁ ဦးနဲ့ ကချင်ပြည်နယ်မှာ ၁ ဦးတို့ ဖြစ်ပါတယ်။

ရောဂါပိုးတွေ့လူနာတွေ နေထိုင်တဲ့ မြို့နယ်တွေကတော့ ရန်ကုန်တိုင်းမှာ ၂၈ မြို့နယ်၊ မန္တလေးတိုင်းမှာ ၃ မြို့နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နဲ့ မြောက်ပိုင်းတို့မှာ ၂ မြို့နယ်စီ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မွန်ပြည်နယ်၊ နေပြည်တော်နဲ့ မကွေးတိုင်းတို့မှာ ၁ မြို့နယ်စီတို့ ဖြစ်တယ်လို့ သိရပါတယ်။

ကရင်၊တနသာၤရီ၊ဧရာဝတီ၊ရခိုင်နဲ့ကယားပြည်နယ်တို့မှာတော့ ရောဂါပိုးတွေ့လူနာမရှိသေးဘူးလို့ဆိုပါတယ်။ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်းကို ထိုင်းနိုင်ငံကတစ်ဆင့် မြန်မာနိုင်ငံသား အလုံးအရင်းနဲ့ မတ်လလယ်လောက်ကစပြီး ပြန်လည်ဝင်ရောက်လာမှုတွေ၊ တရုတ်နိုင်ငံကနေ ကချင်ပြည်နယ်နယ်စပ်ဂိတ်ကတဆင့် ပြန်လည်ဝင်ရောက်လာမှုတွေ ရှိနေတာကြောင့် အရေးပေါ် တုံ့ပြန်ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့တွေနဲ့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က