မင်္ဂလာမန္တလေးကားပါကင်မှာ ဖြစ်ပွားခဲ့တာပါ။
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် မှာ အသက် ၁၅ နှစ်အရွယ် လူငယ်တွေပါဝင်တဲ့ ဆယ်ကျော်သက်လူငယ်အုပ်စု ဟာ တုတ်၊ဓား၊လက်နက်တွေနဲ့ Strategy First University မှ ပုဂ္ဂလိက ကျောင်းသား ၄ ဦးကို ဆဲဆို ရိုက်နှက်ခဲ့တယ်လို့ ချမ်းမြသာစည်မြို့နယ်ရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ ၈ ရက် ညနေ ၅ နာရီအချိန်က မင်္ဂလာမန္တလေး ကားပါကင်ပထမထပ်မှာရန်ဖြစ်နေသံကြားရလို့ လုံခြုံရေးအရာရှိ ဦးအောင်မြင့်သူက သွားရောက်ကြည့်ရှုရာ ကားပါကင်အစောင့် မောင်သော်ဇင်ဦးကို အဆိုပါ ဆယ်ကျော်သက် လူငယ် ၁၁ ဦးက ဓားနဲ့ ရန်ပြုတိုက်ခိုက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။



မောင်သော်ဇင်ဦးရဲ့ ပြောပြချက်အရ အဲဒီလူငယ်အဖွဲ့ဟာ Strategy First University ပုဂ္ဂလိကကျောင်းမှ ကျောင်းသား ၄ ဦးကို အသင့်ပါလာတဲ့ သံတုတ်၊ ဓားမြှောင်တို့နဲ့ ချိန်ရွယ်ဆဲဆိုရိုက်နှက်ထိုးကြိတ်နေကြောင်း၊ ကားပေါ်မှာ တပ်ဆင်ထားတဲ့ စီစီတီဗီကိုလည်း ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

အဲဒီနောက် လုံခြုံရေးအရာရှိ ဦးအောင်မြင့်သူက နယ်မြေအပိုင်ရဲစခန်း ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ နယ်မြေရဲစခန်းဆီ ဆက်သွယ်အကြောင်းကြားရာမှာ လူငယ်အဖွဲ့ကို ဖမ်းဆီးခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

အခင်းဖြစ်စဉ်အတွင်း Strategy First University မှ ပုဂ္ဂလိက ကျောင်းသား ၄ ဦးမှာ ဦးခေါင်းပိုင်း၊မေးရိုးနဲ့ မျက်နှာပေါ်မှာ ဖူးယောင်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ပြစ်မူကျုးလွန်သူ တွေမှာ အသက် ၁၅ နှစ်အရွယ်ကနေ အသက် ၂၀ အရွယ်အထိသာ ရှိကြတဲ့လူငယ် (၁၁) ဦးဖြစ်ပြီး ရဲစခန်းက (ပ)၄၇၃/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၄၀ နဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အသက် မပြည့်သေးတဲ့လူငယ်တွေပါဝင်တာကြောင့် အရေးယူနိုင်ဖို့ လူငယ်သင်တန်းကျောင်းနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

"အခုက စခန်းမှာဖမ်းထားပါတယ်။ ဖွင့်ထားတဲ့ပုဒ်မကအာမခံမရပါဘူး။ ကျူးလွန်တဲ့အထဲမှာ ၁၈ နှစ် မပြည့်သေးတဲ့လူငယ်တွေပါလို့ သူတို့ကို လူငယ်သင်တန်းကျောင်းမှာထိန်းသိမ်းခွင့်တောင်းရမှာပါ" လို့ ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ နယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးက Duwun Media ကိုပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က