မြို့အဝင်အထွက်ဂိတ်တွေဆီဝင်ရောက်လာသမျှမော်တော်ယာဉ်တွေကို တားဆီးရှာဖွေမှုတွေပြုလုပ်နေတာပဲဖြစ်ပြီး မြို့တွင်းလူစည်ကားတတ်တဲ့ ဈေး ဝယ်စင်တာတွေနဲ့စေတီဘုရားကျောင်းကန်တချို့မှာလည်း မိုင်းရှင်းလင်းရေးတွေဆောင်ရွက်နေတယ်လို့ ပိတ်ဆို့ရှာဖွေမှုပါဝင်တဲ့အဆင့်မြင့်ရဲအရာရှိ ကြီးတစ်ဦးက Duwun ကိုပြောပါတယ်။
Minn Nandar

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက မြန်မာနိုင်ငံဒေသအသီးသီးမှာတာဝန်ထမ်းဆောင်နေတဲ့ သူ့ရဲ့သံရုံးဝန်ထမ်းတွေကို သတိပေးချက်နဲ့စပ်လျဉ်းပြီး နေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ လုံခြုံရေးအစီအမံတွေဆောင်ရွက်နေသလိုပဲ မန္တလေးမြို့မှာလည်း ဒီနေ့ (စက်တင်ဘာလ ၂၆ ရက်) မနက်ပိုင်းကစလို့ လုံခြုံရေးအရ ပိတ်ဆို့ရှာဖွေမှု တွေပြုလုပ်နေပါတယ်။

မြို့အဝင်အထွက်ဂိတ်တွေဆီဝင်ရောက်လာသမျှမော်တော်ယာဉ်တွေကို တားဆီးရှာဖွေမှုတွေပြုလုပ်နေတာပဲဖြစ်ပြီး မြို့တွင်းလူစည်ကားတတ်တဲ့ ဈေး ဝယ်စင်တာတွေနဲ့စေတီဘုရားကျောင်းကန်တချို့မှာလည်း မိုင်းရှင်းလင်းရေးတွေဆောင်ရွက်နေတယ်လို့ ပိတ်ဆို့ရှာဖွေမှုပါဝင်တဲ့အဆင့်မြင့်ရဲအရာရှိ ကြီးတစ်ဦးက Duwun ကိုပြောပါတယ်။

ဒီနေ့မနက်ပိုင်းကစလို့ မန္တလေးမြို့ရဲ့မြောက်ဘက်အဝင်ပေါက် ရွှေကျင်ဂိတ်၊ ပြင်ဦးလွင်ဘက်ကနေအဝင်ပေါက်ဖြစ်တဲ့ ၁၆ မိုင်စစ်ဆေးရေးဂိတ်၊ အမရပူ ရမြို့နယ် စစ်ကိုင်းတံတားအဆင်းလမ်းတစ်လျှောက်နဲ့ ရွှေကြက်ယက်ဂိတ်၊ ချမ်းမြသာစည်မြို့နယ် ရှမ်းကလေးကျွန်းစံပြကျေးရွာအနီးတို့မှာ သက်ဆိုင် ရာနယ်မြေအလိုက် ရဲတပ်ဖွဲ့ဦးဆောင်တဲ့လုံခြုံရေးအဖွဲ့တွေက ရှာဖွေစစ်ဆေးမှုတွေပြုလုပ်နေတာပါ။

မြန်မာနိုင်ငံရှိ နေပြည်တော်အပါအဝင် မြို့ကြီးတွေဖြစ်ကြတဲ့ ရန်ကုန်မြို့နဲ့မန္တလေးမြို့တို့မှာ ဖောက်ခွဲတိုက်ခိုက်မှုတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ စက်တင် ဘာ ၂၅ ရက်ရက်စွဲနဲ့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးကြေညာချက်ရဲ့နောက်ဆက်တွဲအဖြစ် အခုလိုပိတ်ဆို့ရှာဖွေမှုတွေပြုလုပ်နေတာလို့လည်းသိရ ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပေါ်လာနိုင်တာကြောင့် အများပြည်သူအနေနဲ့ မိမိတို့ရဲ့ပုဂလိကလုံခြုံရေးကိုသတိရှိနေဖို့၊ သတင်းဌာနတွေ သတင်းမှန် ပေးသူတွေရဲ့သတင်းတွေကို စောင့်ကြည့်ကြဖို့၊ ဆွေမျိုးသားချင်းမိတ်ဆွေသူငယ်ချင်းတွေကို ထပ်ဆင့်အသိပေးကြဖို့ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး(ရန်ကုန်)က အကြံပြုချက်သတင်းထုတ်ပြန်ခဲ့တာပါ။

အမေရိကန်သံရုံးရဲ့ဒီလုံခြုံရေးသတိပေးချက်က မြန်မာနိုင်ငံဒေသအသီးသီးမှာတာဝန်ထမ်းဆောင်နေတဲ့ သူ့ရဲ့သံရုံးဝန်ထမ်းတွေနဲ့မိသားစုဝင်တွေ ဘေးအန္တရာယ်ကင်းဝေးစေဖို့အတွက် သတိပေးချက်တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအနေနဲ့တော့ အထူးစိုးရိမ်မှုလွန်ကဲတာမျိုးမဖြစ်ကြစေဖို့လည်း အကြံ ပြုပါတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။


က္က