ဆုံးရှုံးမှုတန်ဖိုး (၁၀)သိန်းကျော်ရှိခဲ့ပါတယ်။

ကားအပိုပစ္စည်းရောင်းတဲ့ဆိုင်ခန်း အပေါ်ထပ်(၂)ခန်းမီးထဲပါသွားပြီး မီးလောင်မှုကိုတော့ level (2)သတ်မှတ်ထားပါတယ်။ 

photo- Ko Than Htay (မန္တလေးမီးသတ်)

မန္တလေးမှာ ဒီကနေ့ အောက်တိုဘာလ(၁၆)ရက်နေ့ ညနေ(၃)နာရီကျော်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် (၂၃)လမ်း (၈၁×၈၁)လမ်းကြားရှိကားအပိုပစ္စည်းရောင်းတဲ့ဆိုင်ခန်းက မီးအားမီးစက်အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကနေသိရပါတယ်။ မီးလောင်မှုကိုတော့ Level 2 အဆင့် သတ်မှတ်ပြီး မီးငြိမ်းသတ်ခဲ့ရတာလည်းဖြစ်ပါတယ်။

“ စလောင်တာက နေ့လယ်(၃)နာရီ (၁၂)မိနစ်ချိန်လောက်ကစလောင်တာ၊ (၃)နာရီ(၄၃)မိနစ်မှာမီးငြိမ်းတယ်။ကားအပိုပစ္စည်းရောင်းတဲ့ဆိုင်ခန်းပေါ့။ အပေါ်ထပ်(၂)ထပ်လုံးတော့မီးထဲပါသွားတယ်။ဘေးကအခန်းနှစ်ခန်းက မျက်နှာကြက်လောက်ပဲလောင်တာ။ ရောင်းတဲ့ကားအပိုပစ္စည်းတွေတော့မီးထဲမပါသွားဘူး။ အခန်းတွေပဲလောင်သွားတာ” လို့ မန္တလေးမြို့ မီးသတ်ဦးစီးအရာရှိ ဦးမြင့်ခိုင်က Duwun ကိုပြောပါတယ်။

photo- Ko Than Htay (မန္တလေးမီးသတ်)

မီးလောင်မှုမှာတော့ ဆုံးရှုံးမှုတန်ဖိုး (၁၀)သိန်းကျော် ရှိခဲ့ပြီး မီးလောင်မှုထဲပါသွားတဲ့အခန်းတွေကလည်း ပိုင်ရှင်တစ်ယောက်ဖြစ်တယ်လို့ ဦးမြင့်ခိုင်ကပြောပါတယ်။မီးလောင်မှုမှာ ဘေးအခန်းတွေကိုကူးစက်လောင်ကျွမ်းခြင်းမရှိခဲ့ပါဘူး။

လက်ရှိမှာတော့ ဆိုင်ခန်းပိုင်ရှင်ကို ပုဒ်မ (၂၈၅) မီးပေါ့ဆမှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ 



က္က