(၆)ဦးကို ဖမ်းမိထားပါပြီ။
Minn Nandar

ကျူးလွန်တဲ့ တရားခံ(၇)ဦးအနက် (၆)ဦးကိုသက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိထားပြီး လွတ်မြောက်နေတဲ့သူတစ်ဦးကို စုံစမ်းနေဆဲဖြစ်တယ်လို့ စက်မှုနယ်မြေရဲစခန်းမှ ရဲအုပ်လှထွန်းအေးကပြောပါတယ်။










မန္တလး ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက်၊ ၆၃ လမ်းနဲ့ကနောင်မင်းသားကြီးလမ်းကြားကနေအိမ်တစ်အိမ်ကို သြဂုတ်လ(၂)ရက်နေ့ မနက်အစောပိုင်းက ဆယ်ကျော်သက် အရွယ်လူငယ် ၇ ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့တယ်လို့ နယ်မြေခံရဲစခန်းဆီကသိရပါတယ်။



ဓားပြတိုက်သူတွေဟာ ဓားလက်နက်နဲ့လောက်လေးဂွတွေကိုင်ဆောင်ပြီး နေအိမ်အတွင်းဝင်ရောက်တိုက်ခဲ့တာဖြစ်ပြီး ဒီအထဲမှာ အသက် ၁၃ နှစ်အရွယ်ဆယ် ကျော်သက်လူငယ်တစ်ဦးလည်းပါဝင်တယ်လို့လည်းသိရပါတယ်။

“ အခု(၇) ယောက်ထဲက (၆) ယောက်ကိုတော့ ဖမ်းမိထားပြီ။ အဲ့ဒီဖမ်းမိတဲ့(၆) ယောက်ထဲမှာ (၄) ယောက်က ၁၈နှစ်အောက်ဖြစ်နေတယ်။ ကျန်တဲ့တစ်ယောက်ကိုတော့ ဖမ်းမိရေးအတွက် စုံစမ်းနေဆဲဖြစ်တယ်။ လွတ်နေတဲ့ တစ်ယောက်ကတော့ အသက်(၂၀) ကျော်ဖြစ်တယ်”လို့ ဒီကနေ့သြဂုတ်လ(၃)ရက်နေ့မှာ စက်မှုနယ်မြေရဲစခန်းမှ ရဲအုပ်လှထွန်းအေးက Duwun ကိုပြောပါတယ်။

ဖြစ်စဉ်မှာ မန္တလေး ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက်၊ ၆၃ လမ်းနဲ့ကနောင်မင်းသားကြီးလမ်းကြားက ဦးစိုး(ခ)ဦးစိုးလှိုင်ဝင်းဟာ သြဂုတ်လ ၂ ရက်နေ့မနက် ၁ နာရီခွဲအချိန်ခန့်က နေအိမ်ထဲအိပ်ပျော်နေစဉ် နေအိမ်ခြံရှေ့ကနေ အော်နှိုးသံကြားရလို့ ခြံတံခါး သွားရောက်ဖွင့်ပေးခဲ့တာမှာ မျက်နှာဖုံးတွေတပ်ထားတဲ့အမျိုးသား ၇ ဦးက ဓားလက်နက်နဲ့ လောက်လေးဂွတွေကိုင်ဆောင်လျှက် နေအိမ်အတွင်းဝင်ရောက်ခဲ့ကြောင်း၊ နေအိမ်ထဲအရောက်မှာ ရွှေငွေပစ္စည်းတွေထုတ်ပေးဖို့ပြောတာ ကြောင့် ဦးစိုး(ခ)ဦးစိုးလှိုင်ဝင်းက ငွေကျပ်ခုနှစ်သိန်းကျော်ကိုထုတ်ပေးခဲ့ရာ ဓားပြတိုက်သူတွေဟာ ထုတ်ပေးတဲ့ငွေကိုမယူဘဲ ဦးစိုး(ခ)ဦးစိုးလှိုင်ဝင်းရဲ့တူမဖြစ်သူ စောနန္ဒာဦးဝတ်ဆင်ထားတဲ့ကျောက်နီပါရွှေနားကပ် ၁ ရံအပါအဝင် Vivo အမှတ်တံဆိပ်ပါလက်ကိုင်ဖုန်း ၉ လုံး၊ Dell အမှတ်တံဆိပ် Laptop ၁ လုံးကိုသာယူ သွားကြောင်း၊ အခင်းဖြစ်စဉ်နဲ့ပတ်သက်လို့ ဦးစိုး(ခ)ဦးစိုးလှိုင်ဝင်းက နယ်မြေခံရဲစခန်းဖြစ်တဲ့စက်မှုနယ်မြေရဲစခန်းဆီဖုန်းဆက်အကြောင်းကြားလို့ ဓားပြတိုက်သွားသူ တွေကို ဖမ်းဆီးရမိရေးစုံစမ်းရှာဖွေရာ ဓားပြတိုက်သူ ၇ ဦးထဲက ၆ ဦးအား နာရီပိုင်းအတွင်းမှာပဲဖမ်းဆီးနိုင်ခဲ့ကြောင်း၊ လွတ်မြောက်နေသူတစ်ဦးကိုလည်း ဆက် လက်ရှာဖွေနေကြောင်းသိရပါတယ်။

နယ်မြေခံရဲစခန်းရဲ့စုံစမ်းရှာဖွေမှုအရ မနက် ၂ နာရီအချိန်ခန့်မှာ မင်းထက်(ခ)ကစ်ကစ်(အသက် ၂၀ နှစ်၊ ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာရပ်ကွက်)နဲ့ စည်သူဗိုလ်(ခ)စည်ကြီးတို့နှစ်ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။ သူတို့နှစ်ဦးအားစစ်မေးချက်အရ ဓားပြတိုက်ရာမှာပါဝင်သူတွေဟာ ဟိန်းသော်ဦး(ခ)ဖိုးသဲ (အသက် ၁၈ နှစ်)၊ ဒိုးလေး(အသက် ၁၈ နှစ်)၊ အောင်ဇင်မင်း(အသက် ၁၇ နှစ်)၊ စစ်သိန်းတန်(ခ)စစ်ကြီး(အသက် ၁၈ နှစ်)နဲ့ အောင်ဝင်းဘို(ခ)ရုပ်ဆိုး(အသက် ၂၀ နှစ်) ၅ ဦးဖြစ်တယ်လို့သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ စက်မှုနယ်မြေရဲစခန်းက ဖမ်းဆီးရမိထားသူ ၆ ဦးနဲ့လွတ်မြောက်သူတစ်ဦး စုစုပေါင်း ၇ ဦးစလုံးအား (ပ)၃၃၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅(ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်တဲ့ပုဒ်မ)နဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က