အိမ်အတူငှားနေသူက သတ်ခဲ့တာပါ။

မလေးရှားနိုင်ငံ ပီနန်ကျွန်းအရှေ့မြောက်ပိုင်းက George Town မြို့မှာ မြန်မာအမျိုးသားတစ်ယောက် ဓါးနဲ့ အထိုးခံရပြီး သေဆုံးသွားတဲ့အတွက်အတူနေထိုင်သူ မြန်မာ ၁၁ ယောက်ကို မလေးရှားရဲကစစ်ဆေးနေပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့က သေဆုံးသူ မြန်မာအမျိုးသား ပီနန်မြစ်နားက Lebuh Sungai Pinang က အရက်ကုမ္ပဏီ တခုမှာ ကားမောင်းတဲ့ သူဖြစ်ပြီး တအိမ်ထဲ ငှါးရမ်းနေထိုင်သူ တဦးနဲ့ရန်ဖြစ်ရာကနေ ဓါးနဲ့ အထိုးခံရတဲ့အတွက် သေဆုံးသွားတယ်လို့ George Town ရဲတပ်ဖွဲ့ရဲ့ပြောဆိုချက်ကို The Sun Daily သတင်းစာ ကဖော်ပြပါတယ်။



သေဆုံးသူ မြန်မာအမျိုးသားဟာ အသက် ၂၉ နှစ်အရွယ် ဖြစ်ပြီး လက်မောင်း၊ နောက်ကျောဖက်နဲ့ ရင်ဘတ်တွေမှာ ဓါးဒဏ်ရာ ၅ ချက်နဲ့ သေဆုံးခဲ့တာ ဖြစ်ပြီး သူ့ရုပ်အလောင်းကိုတော့ စစ်ဆေးမှုတွေပြုလုပ်ဖို့ ဆေးရုံကိုပို့ဆောင်ထားပါတယ်။

သူတို့ဟာ သူဟာ Siam လမ်းက ၂ ထပ် အဆောက်အဦးတခုမှာ ငှါးရမ်းနေထိုင်သူတွေဖြစ်ကြပြီး သူနဲ့အတူငှါးရမ်းနေထိုင်သူ မြန်မာ ၁၁ ဦးကို စစ်ဆေးမေးမြန်းဖို့ ရဲက ဖမ်းဆီးထားပါတယ်။ ါးနဲ့ ထိုးသူကတော့ ထွက်ပြေးနေပြီး ဒီလူသတ်မှုအတွက် မျက်မြင် သက်သေ ၃ ဦးရှိသလို ဓါးကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ပြောကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က