နေအိမ်ကနေပျောက်ဆုံးသွားခဲ့တာပါ။

အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရတယ်လို့ ယူဆရတဲ့ အသက် ၅ နှစ်အရွယ်မိန်းကလေးရဲ့ အလောင်းကို ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေပိုင်းက မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမကြီးဘေးက ရေမြောင်းထဲမှာ တွေ့ရှိခဲ့တယ်လို့ မင်္ဂလာဒုံရဲစခန်းကနေ သိရပါတယ်။

Photo - Htin Lin Aung -FB

ဇန်နဝါရီ ၃၀ ရက် ညနေ ၆ နာရီခန့်က တွေ့ရှိခဲ့တာဖြစ်ပြီး မိန်းကလေးရဲ့ အလောင်းမှာ ဒဏ်ရာတွေနဲ့ အဓမ္မပြုကျင့်ခံထားရတဲ့ အခြေအနေကိုလည်းတွေ့ရတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက Duwun ကိုပြောပါတယ်။

"တရားခံကို အမြန်ဆုံးမိဖို့အတွက် အဖွဲ့တွေပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဖြစ်ခဲ့တဲ့ အနီးအနားမှာ မျက်မြင်ဖြစ်နိုင်တဲ့သူတွေကိုလည်း စစ်ဆေးနေပါတယ်။"လို့ မင်္ဂလာဒုံရဲစခန်းမှ တာဝန်ရှိသူက ပြောပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့ ည ၈ နာရီလောက်မှာ မိခင်ဖြစ်သူက ယခုသေဆုံးခဲ့သူ မိန်းကလေးကို (၂)နှစ်အရွယ် အခြားကလေးတစ်ဦးနဲ့အတူ အိမ်မှာသိပ်ထားခဲ့ပြီး အိမ်နားမှာရှိတဲ့ ကလေးရဲ့အဖေ ခင်ပွန်းဖြစ်သူရဲ့စက်ဘီးပြင်ဆိုင်ကို ခေတ္တသွားစဉ်မှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

Photo - Htin Lin Aung -FB

မိဘနှစ်ပါးစလုံး ည ၉ နာရီလောက် နေအိမ်သို့ ပြန်ရောက်လာတဲ့အခါမှာ ပျောက်ဆုံးသွားခဲ့တဲ့ မိန်းကလေးဟာ အခြားကလေးနဲ့အတူ ခြင်ထောင်ထဲမှာ အိပ်နေတယ်ထင်ပြီး မကြည့်ခဲ့မိဘူးလို့ ဆိုပါတယ်။ အဲ့ဒီနောက် ဖခင်ဖြစ်သူက မအိပ်သေးဘဲ သတင်းစာဖတ်နေရာက ည ၁၂ နာရီလောက်မှာ သမီးကိုကြည့်ရာ မတွေ့တော့ပဲ ပျောက်ဆုံးနေတာကြောင့် ပတ်ဝန်းကျင်ကိုအကူအညီတောင်းပြီး လိုက်ရှာခဲ့တယ်လို့ သိရပါတယ်။ နောက်တစ်နေ့ ညနေ ၅ နာရီလောက်မှာတော့ ကျောင်းမှပြန်လာတဲ့ ကျောင်းသားလေးတွေက ရေမြောင်းထဲမှာ သေဆုံးနေတဲ့မိန်းကလေးကို တွေ့ခဲ့ကြတာဖြစ်ပါတယ်။



က္က