အသက်(၂၀)ကျော်အရွယ် ကိုယ်ဝန်ဆောင်မိန်းကလေးဖြစ်တယ်လို့သိရပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ကန်တော်လေး (၉၄)လမ်းက တိုက်နံပတ်(၉၄) တိုက်လှေကားမှာ အသက်(၂၀)ကျော်မိန်းကလေးတစ်ဦးလည်ပင်းမှာ ထိုးသွင်းဒဏ်ရာများနဲ့အသတ်ခံရမှု ဒီကနေ့ မနက်ပိုင်းကဖြစ်ပွားပါတယ်။ 

အသတ်ခံရတဲ့ မိန်းကလေးက ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ဦးဖြစ်ပြီး တိုက်ရဲ့ အပေါ်ဆုံးထပ် (၇)လွှာလှေကားနားမှာ အသတ်ခံရတာဖြစ်တယ်လို့သိရပါတယ်။ 

“ တိုက်ခန်းနေတစ်ဦးက အကြောင်းကြားလို့သွားကြည့်တော့ မိန်းကလေးက အသက်မရှိတော့ဘူး။ ကိုယ်ဝန်ဆောင်ထားတယ်။ အထဲကကလေးက ယောကျာ်းလေးလို့သိရပါတယ်။ ကလေးမလေး လည်ပင်းမှာ အချွန်လိုလက်နက်မျိုးနဲ့ တော်တော်ကို များများစားစားထိုးထည့်ထားတယ်။ ကလေးမလေးက လှိုင်သာယာက၊ ဘာကြောင့် ဒီကိုရောက်လာလည်းဆိုတာနဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးလို့ကတော့ ရဲဘက်ဆိုင်ရာက စုံစမ်းမှုတွေလုပ်နေပါပြီ” လို့ မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက Duwun ကိုပြောပါတယ်။ 

လက်ရှိအချိန်ထိဖြစ်စဉ်အသေးစိတ်ကို မသိရသေးဘဲ အခင်းဖြစ်ပွားရာ တိုက်ခန်းပတ်ဝန်းကျင်က CCTV မှတ်တမ်းများကို စစ်ဆေးတဲ့အခါမှာလည်း ထူးခြားမှု တစ်စုံတစ်ရာမတွေ့ရှိရသေးဘူးလို့ ဆိုပါတယ်။ 

မိန်းကလေးသေဆုံးမှုနဲ့ ပတ်သက်လို့ လူသတ်မှုနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်အရေးယူထားပြီး အနီးပတ်ဝန်းကျင် တိုက်ခန်းနေထိုင်သူတွေကို တော့ စစ်ဆေးမှုတွေလုပ်ဆောင်နေပြီလို့ သိရပါတယ်။


Share

Loading Next Article...
က္က