ဓ-၃၄၁၆၁၁ နံပတ်နဲ့ ဆွတ်ခူးခဲ့တာပါ။

ဗေဒင်အရ သမီးအငယ်ရဲ့နေ့နံနဲ့ သူနေ့နံပေါင်းပြီး ထီစပ်တူထိုးခဲ့ရာကနေ အခုလိုထီဆုကြီးကို ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။

photo- သန်းဝင်းလှိုင်

ဒီကနေ့အောက်တိုဘာလ(၁)ရက်နေ့မှာ ထွက်ရှိတဲ့ အောင်ဘာလေထီဆုကြီးရဲ့ (၈)ကြိမ်မြောက် ထီဖွင့်ပွဲမှာ အမြင့်ဆုံးထီဆုကြီးဖြစ်တဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို မိတ္ထီလာမြို့က ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။ ဓ-၃၄၁၆၁၁ နံပတ်နဲ့ မိထ္ထီလာမြို့ ကညနရုံးဟောင်းအနီး အောင်ဇေယျရပ်ကွက်နေထိုင်သူ ကိုစိုးနိုင်က ဆွတ်ခူးခဲ့တာပါ။ သမီးအငယ်ဆုံးနေ့နံနဲ့ ထီစပ်တူထိုးခဲ့ရာက အခုလိုဆွတ်ခူးခဲ့တာဖြစ်တယ်လို့ ကိုစိုးနိုင်ကပြောပါတယ်။

“ ကျွန်တော့်သမီးအငယ်ရဲ့နေ့နံ တနင်္ဂနွေနဲ့ ကျွန်တော်က အဂါင်္သားဆိုတော့ အခါပေးဆရာက သမီးဆီက မုန့်ဖိုး(၅၀၀)ကို ဘာရယ်လို့မပြောဘဲတောင်းလိုက်။ အဲဒီပိုက်ဆံနဲ့ပေါင်းပြီး (၃)အစ (၁)အဆုံးဂဏန်းကို ထိုးခိုင်းတာကနေ အခုလိုထီဆုကြီးပေါက်တာ။ မိထ္ထီလာမြို့ ဒိုးကလေးထီဆိုင်ကနေထိုးတာ။အရင်ကလည်းထီအမြဲထိုးတယ်။ အခုထီဆုကြီးပေါက်ပြီဆိုတော့ နောက်ပိုင်းမှာ ကျွန်တော်အလှူအတန်းတွေလုပ်ဖို့ ရည်ရွယ်ထားတယ်” လို့ ကံထူးရှင် ကိုးစိုးနိုင်က Duwun ကိုပြောပါတယ်။



ကိုစိုးနိုင်တို့ မိသားစုက မိတ္ထီလာမှာ ကားဝပ်ရှော့ဆိုင်ဖွင့်လှစ်ထားပြီး သားသမီး(၆)ယောက်နဲ့အတူ မိသားစုဝင်ရှစ်ဦးရှိပါတယ်။ ဗေဒင်အရထီထိုးခဲ့ရကနေ အခုလိုထီဆုကြီးကိုဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။ (၈)ကြိမ်မြောက် ကျပ်၁၀၀၀တန် အောင်ဘာလေထီဖွင့်ပွဲမှာ (က)အက္ခရာကနေ (ကစ)အက္ခရာထိ အက္ခရာ အလုံးရေ (၃၉)လုံးကိုရောင်းချခဲ့တာဖြစ်ပါတယ်။ ထီလက်မှတ်စာအုပ်အားလုံးရောင်းရငွေ ကျပ်သိန်းပေါင်း (၃၁၀၀၀)ကျော်ရရှိခဲ့ပြီး ရောင်းရငွေအားလုံးရဲ့ (၆၀)%ကို ဆုကြေးငွေအဖြစ် ပြန်လည်ချီးမြင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ကျပ်သိန်းတစ်သောင်းခွဲဆုကြီးကို ပထမအကြိမ်က နေပြည်တော်၊ ဒုတိယအကြိမ်က ကျောင်းကုန်းမြို့၊ တတိယအကြိမ်က ပုသိမ်မြို့၊ စတုတ္တအကြိမ်က မန္တလေးမြို့၊ (၅)ကြိမ်မြောက်နဲ့ (၆)ကြိမ်မြောက်မှာတော့ ဟင်္သာတမြို့ကဆွတ်ခူးခဲ့ပြီး (၇)ကြိမ်မြောက်မှာ မော်လမြိုင်နဲ့ ယခု(၈)ကြိမ်မြောက်မှာတော့ မိတ္ထီလာမြို့တို့ကဆွတ်ခူးခဲ့တာပါ။ 



က္က