loading...

loading...

loading...

မတ်လ(၈)ရက်နေ့က ထိုင်းနိုင်ငံကနေပြန်လာသူဖြစ်ပါတယ်။
Minn Nandar

သံသယလူနာအမျိုးသမီးဟာ မတ်လ(၈)ရက်နေ့က ထိုင်းနိုင်ငံကနေ ပြန်လာသူဖြစ်ပြီး မိထ္ထီလာကို မတ်လ(၁၁)ရက်နေ့မှာပြန်လည်ရောက်ရှိလာကာ ပြန်လာကတည်းက နေမကောင်းဖြစ်ပြီး ချောင်းဆိုးနေတာကြောင့် သံသယလူနာအဖြစ် မိထ္ထီလာဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

photo-မျိုးဆက်သစ်မြတ်ပါရမီသွေးလှူရှင်ပရဟိတအသင်း

မိတ္ထီလာမြို့မှာ ကိုရိုနာဗိုင်းရပ်စ်သံသယလူနာတစ်ဦးထပ်မံတွေ့ရှိရလို့ မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးထားရတယ်လို့ မိတ္ထီလာမြို့က မျိုးဆက်သစ်မြတ်ပါရမီသွေးလှူရှင်ပရဟိတအသင်းဆီကသိရပါတယ်။

"သူက ၈ ရက်နေ့ကမှထိုင်းကနေပြန်လာတာပါ၊ ၁၁ ရက်နေ့ ည ၁၀ နာရီခွဲလောက်မိတ္ထီလာရောက်တယ်၊ သူကရပ်ကွက်ထဲမှာနေနေတာပါ၊ ပြန်လာကတည်းက ချောင်းဆိုးတာ ၄ ရက်လောက်ရှိပြီးတော့ နေမကောင်းတာ ၇ ရက်လောက်ရှိပြီတဲ့၊ ရပ်ကွက်ထဲမှာပဲဆိုတော့ ပတ်၀န်းကျင်ကလည်း ပြည်သူ့ဆေးရုံကြီးရဲ့စောင့်ကြည့်လူနာဌာနကိုပဲ သွားထားရအောင်ဆိုတာနဲ့ အဲဒီကိုသွားပို့ဖြစ်တာပါ " လို့ မျိုးဆက်သစ်မြတ်ပါရမီသွေးလှူရှင်ပရဟိတအသင်းဥက္ကဋ္ဌကိုကျော်ကိုကိုက Duwun ကိုပြောပါတယ်။

ထိုင်းနိုင်ငံမှာအလုပ်သွားလုပ်ပြီးပြန်လာတဲ့ အသက် ၂၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးလို့သိရပြီး ၄င်းအနေနဲ့ ချောင်းဆိုးပြီးနေထိုင်မကောင်းတာကလွဲလို့ ဆိုးဆိုးရွားရွားဝေဒနာခံစားနေရတာမျိုးမရှိဘူးလို့တော့

သိရပါတယ်။

photo-မျိုးဆက်သစ်မြတ်ပါရမီသွေးလှူရှင်ပရဟိတအသင်း

ကိုယ်အပူချိန်က ကျသွားလိုက်တက်သွားလိုက်ဖြစ်တာဖြစ်တဲ့အတွက် လတ်တလောမှာလည်း ထိုင်းကနေပြန်လာတာဖြစ်တော့ ပတ်၀န်း ကျင်ကလည်း ဒါဆိုရင် သံသယစောင့်ကြည့်အရေးပေါ်ဌာနမှာပဲထားထားပေးပါဆိုလို့ သွားပို့ထားတာပါ" လို့လည်း ကိုကျော်ကိုကိုကပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါအမျိုးသမီးသံသယလူနာကို မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီး Covid-19 သံသယလူနာများ သီးသန့်ဆောင်မှာထားရှိ ထားပြီး ၄င်းရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့တော့ ဖျားပြီးချောင်းဆိုးတာဖြစ်ကြောင်း၊ ဆေးစစ်ချက်အဖြေမနက်ဖြန်ညနေပိုင်းလောက်ရမှာဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနဆီကသိရပါတယ်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီးမှာ Covid-19 သံသယနဲ့စောင့်ကြည့်လူနာ ၄ ဦးရှိနေပြီး အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦးတို့ဖြစ်ပါတယ်။

မုံရွာမှာလည်း ဒီကနေ့ မတ်လ(၂၃)ရက်နေ့က ထိုင်းကနေပြန်လည်ရောက်ရှိလာသူတစ်ဦးမှာလည်း ကိုယ်ပူချိန်မြင့်မားနေတာကြောင့် မုံရွာဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


loading...

က္က