ဆိုင်တာဝန်ခံကို အေရေးယူထားပါတယ်။

မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့တဲ့ “ သူ့ထက်”  မုန့်အရောင်းဆိုင်က ဆိုင်တာဝန်ခံကို ပေါ့ဆမှုနဲ့ အရေးယူထားတယ်လို့ နေပြည်တော်မီးသတ်ဦးစီးဌာနကနေသိရပါတယ်။

Photo Credit -အန်ကယ်ကြီး

အာက်တိုဘာ ၁၄ ရက် ည ၉ နာရီခွဲအချိန်က နေပြည်တော် မြို့မဈေးရဲ့ ဈေးမြောက်ဘက်ထောင့်က “သူ့ထက်” မုန့်အရောင်းဆိုင်မှာ အဲကွန်း Safe Guard အပူလွန်ကဲရာကနေ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာလို့ နေပြည်တော်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းကျော်က Duwun ကိုပြောပါတယ်။

“ ဆိုင်မှာနောက်ဆုံးကျန်ခဲ့တဲ့ ဆိုင်တာဝန်ခံကို ရဲစခန်းက အမှုဖွင့်ထားပါတယ်။ မီးလောင်တာက သူ့ထက် မုန့်ဆိုင်တစ်ဆိုင်တည်းပါ ။ တခြားဆိုင်တွေကို မီးကူးစက်ခြင်းမရှိပါဘူး” လို့ ဦးဝင်းကျော်က ဆိုပါတယ်။

ဆိုင်အတွင်း ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ပြီး  စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၁၅ သိန်းကျော်ခန့် ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မီးလောင်မှု စတင်သိရှိခဲ့သည်မှာ “သူ့ထက်” မုန့်အရောင်းဆိုင်ကနေ မီးခိုးတွေ ထွက်လာတာကြောင့် အနီးအနားက ပြည်သူတွေက မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားခဲ့ရာကသိရှိခဲ့ပြီး ကနဦး မီးသတ်ကားနှစ်စီးနဲ့ လာရောက် ငြိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

မီးလောင်မှုကို Level 2 အဆင့်နဲ့ ငြိမ်းသတ်ခဲ့ရပြီး ည ၁၀ နာရီ မိနစ် ၄၀ မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကနေ သတင်းထုတ်ပြန်ထားပါတယ်။

နေပြည်တော် မြို့မဈေး သူ့ထက် မုန့်အရောင်းဆိုင် မီးလောင်မှု မြင်ကွင်း။



က္က