မလေးရှားနိုင်ငံမှာ တရားဝင် မြန်မာလုပ်သား ၃ သိန်းဝန်းကျင်ရှိပြီး တရားမဝင်နေထိုင် လုပ်ကိုင်နေသူက ၂ သိန်းကျော်ရှိနိုင်တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ တရားမဝင်လုပ်သားဖမ်းဆီးမှုတွေမြင့်တက်လာတာကြောင့် တရားမဝင်မြန်မာလုပ်သားတွေကိုနေရပ်ကိုအမြန်ဆုံးပြန်ခေါ်နိုင်ဖို့လုပ်ဆောင်နေတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကသိရပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံကိုပြန်လိုတဲ့ တရားမဝင်လုပ်သားစာရင်း ၅၀၀ဝ ကျော် ရရှိထားကြောင်းနဲ့ အီးမေးလ်ကနေစာရင်းလက်ခံနေဆဲဖြစ်တယ်လို့သိရပါတယ်။ "တရားမဝင်လုပ်သားဖမ်းဆီးမှုက ခုကိုဗစ်ကာလမှာ နည်းနည်းပိုမြင့်လာတဲ့အနေအထားရှိပါတယ်။လက်ရှိမှာအချက်အလက်တွေကောက်ခံထားတယ်။နိုင်ငံသားစိစစ်မှုတွေလုပ်ပါမယ်။ဒါတွေကကြိုတင်စီစဉ်ထားတာပါ။ မလေးရှားဘက်ကအစိုးရနဲ့ညှိနိူင်းလို့အဆင်ပြေပြီဆိုရင် ပြန်ပို့ဖို့အဆင်ပြေပြီဆိုရင်ပြန်ပို့ဖို့ကျနော်တို့ကကြိုတင်စီစဉ်ထားတာပါ။စာရင်းမပိတ်သေးပါဘူး လက်ခံနေပါတယ် အီးမေးလ်ကိုဝင်လာသမျှကိုစိစစ်နေပါတယ်။နေရပ်ကိုအမြန်ဆုံးပြန်ပို့နိုင်အောင်ကြိုးစားနေပါတယ် သူတို့လည်း ဒီမှာနေရတဲ့လူများနေတော့ ကြိုးစားနေပါတယ် ။"လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအုပ်ဦးနိုင်မင်းကပြောပါတယ်။



မလေးရှားကတရားမဝင် မြန်မာလုပ်သားတွေဟာ မလေးရှားအစိုးရက ချမှတ်ထားတဲ့ COVID -19 ကူးစက်ရောဂါပြန့်ပွားမူ့ ထိန်းချုပ်ရေးစီမံချက်တွေကြောင့် မလေးရှားမှာ ဆက်နေထိုင်ဖို့ အခက်အခဲဖြစ်လာပါတယ်။ ကိုဗစ် ၁၉ ကာလအတွင်း အလုပ်လက်မဲ့ ဖြစ်သူအရေအတွက် မြင့်တက်လာတာကြောင့် နေထိုင်စားသောက်ရေး အခက်အခဲ ကြုံတွေ့ရပြီး နေရပ်လည်းပြန်ဖို့ခက်ခဲ့တာတွေကြောင့် မိမိ ကိုယ်ကို ၏အဆုံးစီရင်သွားတဲ့ တရားမဝင် မြန်မာလုပ်သား ၈ ဦးအထိ ရှိခဲ့ပါတယ်။

ဒါကြောင့် မြန်မာအစိုးရက မလေးရှား မှာရောက်နေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေအနက် နေရပ်ပြန်လိုသူတွေကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်နိုင်ဖို့ မလေးရှားအစိုးရနဲ့ ညှိနှိုင်းတိုင်ပင်နေတယ်လို့ မြန်မာသံရုံးကသိရပါတယ်။ လက်ရှိ မလေးရှားနိုင်ငံမှာ တရားဝင် မြန်မာလုပ်သား ၃ သိန်းဝန်းကျင်ရှိပြီး တရားမဝင်နေထိုင် လုပ်ကိုင်နေသူက ၂ သိန်းကျော်ရှိနိုင်တယ်လို့ သိရပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က