ယာဉ်တွေက Scania ကားအမျိုးအစားတွေဖြစ်ပါတယ်။
Ei Ei Htun

ဒီယာဉ်တွေပေါ်မှာ ခရီးသွားပြည်သူလူထုကို အထောက်အကူပြုမယ့် မှတ်တိုင်အသိပေးတဲ့စနစ်တွေ၊ အသံစနစ်တွေပါဝင်မှာဖြစ်ပြီး Scania ကားအမျိုးအစားတွေဖြစ်တာကြောင့် သာမန်ယာဉ်တွေထက်ရှည်သလို တည်ဆောက်မှုကလည်း ယာဉ်တွေရဲ့အမျိုးအစားတွေထဲမှာ ထိပ်တန်းကကားတွေဖြစ်တယ်လို့ YRTAမှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။ 

photo- Scania Myanmar

ရန်ကုန်မြို့ မြို့ပတ်လိုင်းအဖြစ်ပြေးဆွဲမယ့် ယာဉ်လိုင်းတွေအနေနဲ့ ယာဉ်လမ်းကြောင်းတွေကို စစ်ဆေးပြီးဖြစ်သလို ယာဉ်မောင်းတွေကိုလည်း သင်တန်းပေးနေပြီဖြစ်တာကြောင့် ယခုစက်တင်ဘာလ နောက်ဆုံးအပတ်လောက်မှာ စတင်ပြေးဆွဲနိုင်အောင်ဆောင်ရွက်နေတယ်လို့ စက်တင်ဘာလ(၄)ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကွပ်ကဲအာဏာပိုင်အဖွဲ့ သတင်းစာရှင်းလင်းပွဲကနေသိရပါတယ်။

“ မြို့ပတ်လိုင်းပြေးဆွဲမယ့် ယာဉ်တွေက Scania ကားအမျိုးအစားတွေဖြစ်တယ်။ ဒီယာဉ်တွေရဲ့အရှည်တွေကလည်း သာမန်ယာဉ်တွေထက်ရှည်သလို တည်ဆောက်မှုကလည်း ယာဉ်တွေရဲ့အမျိုးအစားတွေထဲမှာ ထိပ်တန်းကကားတွေဖြစ်တယ်။ ဒီကားတွေကိုပြေးဆွဲမယ့် ကုမ္ပဏီကလည်း ဒီယာဉ်တွေနဲ့ပဲ ပြေးဆွဲမယ့် လမ်းကြောင်းစစ်ဆေးမှုတွေလည်းဆောင်ရွက်ပြီးပြီ။ ယာဉ်ေမောင်းတွေကိုလည်း သင်တန်းပေးနေပြီဆိုတော့ ကျွန်တော်တို့ဘက်ကလည်း ဒီလနောက်ဆုံးပတ်လောက်ပြေးဆွဲနိုင်အောင်တိုက်တွန်းဆောင်ရွက်ထားတယ်” လို့ YRTAမှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က မီဒီယာတွေကိုပြောပါတယ်။

photo- Scania Myanmar

မြို့ပတ်လိုင်းဖြစ်တာကြောင့် အောင်မင်္ဂလာအဝေးပြေးကနေ သံသုမာလမ်းက စတင်ပတ်မှာဖြစ်ပြီး ဗိုလ်တစ်ထောင်ရောက်တာနဲ့ ကြည့်မြင်တိုင်ဘက်ကနေ ပြန်ဆင်းပြီး အောင်မင်္ဂလာအဝေးပြေးကွင်းကို ပြန်ဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ပတ်လမ်းတစ်လျှောက်လုံးကို ဧရိယာနှစ်ပိုင်းပိုင်းပြီး ပြေးဆွဲမှာဖြစ်ကာ ယာဉ်စီးခကိုတော့ အောင်မင်္ဂလာကားကွင်းကနေ သခင်မြပန်းခြံထိ ဘယ်ကိုစီးစီး (၅၀၀)ကျပ်နဲ့ အောင်မင်္ဂလာအဝေးပြေးကွင်းကို ပြန်ပတ်ဝင်တဲ့လိုင်းမှာလည်း (၅၀၀)ကျပ် သတ်မှတ်ထားတယ်လို့ ဦးလှအောင်ကပြောပါတယ်။ ဒီယာဉ်တွေပေါ်မှာ ခရီးသွားပြည်သူလူထုကို အထောက်အကူပြုမယ့် မှတ်တိုင်အသိပေးတဲ့စနစ်တွေ၊ အသံစနစ်တွေပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။


က္က