ကျူးလွန်သူ နှစ်ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။
Mi Thawdar Aung

မှော်ဘီမြို့နယ်မှာ သမီးရည်းစားနှစ်ဦးချိန်းတွေ့နေစဉ် လူနှစ်ဦး ရောက်လာပြီး အမျိုးသားကို ရိုက်နှက်ကာ အမျိုးသမီးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Photo- Yangon Police

ွန်လ ၁၇ ရက် မနက် ၁ နာရီဝန်းကျင်ခန့်မှာ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာ၊ ရဲဘော်ဈေးပန်းခြံဝန်းဝင်းအတွင်း သမီးရည်းစား ၂ ဦး စကားပြောနေစဉ် မနက် ၄ နာရီဝန်းကျင်လောက်မှာ အမည်မသိ လူငယ် (၂) ဦးရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ လူငယ် (၂) ဦးကနေ ချိန်းတွေနေတဲ့ ရည်းစားနှစ်ဦးကို လူပျောက်လာရှာကြောင်း ပြောဆိုကာ ဖုန်းမီးနဲ့ မျက်နှာကို ထိုးခိုင်းပြီး သူတို့ရှာနေတဲ့ လူမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် ရည်းစားနှစ်ဦးက ပြန်ဖို့ ထလာစဉ် အဆိုပါ အမည်မသိလူ (၂) ဦးကနေ အမျိုးသားကို သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ အမျိုးသမီးကို ဓားနဲ့ ထောက်ချိန်းခြောက်ပြီး ရဲဘော်ဈေးပန်းခြံ အနောက်ဘက်ကို ခေါ်ဆောင်ကာ အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

ရဲဘော်ဈေးပန်းခြံနှင့် မျက်နှာချင်းဆိုင်ရှိ ဘန့်ဘွေးကုန်းဘုရားလမ်းမဘေးအနီးသို့ ထပ်မံခေါ်ဆောင်ကာ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ်စီထပ်မံပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါေကြာင့်  အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သူ အမည်မသိလူငယ်(၂)ဦးအား အရေးယူ ပေးပါရန်  ပြုကျင့်ခံရတဲ့အမျိုးသမီးကနေ မှော်ဘီမြို့မရဲစခန်းတွင် တိုင်ကြားခဲ့တာလည်းဖြစ်ပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားလို အမျိုးသမီးရဲ့ ပြောပြချက်အရ ပြစ်မှုကျုးလွန်သူ (၂) ဦးရဲ့ ပုံသဏ္ဍာန်တွေကို အနီးအနားပတ်ဝန်းကျင်ကျေးရွာတွေကို လိုက်လံစုံစမ်းရှာဖွေခဲ့ရာ အသက် ၂၄ နှစ်အရွယ် ဇော်ရဲဆိုသူနဲ့ အသက် ၂၁ နှစ် အရွယ် ခင်ဇော်ဆိုသူတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

သူတို့နှစ်ဦးကို ဇွန်လ ၁၇ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာ ဖမ်းဆီးမိခဲ့ပြီး ဥပဒေနဲ့ အညီ တရားစွဲဆိုအရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။


Author


က္က