မိခင်ကဆူလို့ဖြစ်ပါတယ်။
Hmue Eain Zaw

အရက်အမြဲမူးနေပြီး အလုပ်မလုပ်တဲ့ သားကို မိခင်ကပြောဆိုဆုံးမတာကို မခံနိုင်လို့ ခေါင်းအုံးနဲ့ ဖိသတ်ခဲ့မှု ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Photo - Yangon Police

ဖြစ်စဉ်မှာ ဇူလိုင်လ ၈ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပဲခူးမြစ် လမ်းသွယ် (၂) လမ်းမှာနေထိုင်တဲ့ ဒေါ်ထွေးကြည်ဟာ အိမ်ရှေ့ခန်းအိပ်ရာပေါ်မှာ ဒဏ်ရာတွေနဲ့ ပက်လက်အနေအထား သေဆုံးခဲ့တာကို တွေ့ရှိရတောကြောင့် သမီးဖြစ်သူက ရဲစခန်းကို အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

အမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ အသက် ၃၄ နှစ်အရွယ် စိုင်းကြည်မြင့်ဆိုသူမှာ အရက်အမြဲမူးနေတာကြောင့် မိခင်ဖြစ်ူက မကြာခဏ ပြောဆိုဆုံးမတာကို နားငြီးတယ်လို့ ဆိုပြီး မိခင်ဒေါ်ထွေးကြည်ရဲ့ မျက်နှာပေါ်ကို ခေါင်းအုံးနဲ့ ဖိသတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ ဒါကြောင့် ပြစ်မှုကျုးလွန်သူ စိုင်းကြည်မြင့်ကို ဥပဒေနဲ့ အညီ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


က္က