လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံလိုက်တဲ့အပေါ် ရန်ကုန်နဲ့မန္တလေးမြို့တို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံလိုက်တဲ့အပေါ် ကန့်ကွက်လှုပ်ရှားမှုတစ်ခုကို ဒီကနေ့ (ဇူလိုင်လ ၁ ရက်) မနက်ပိုင်းက မန္တလေး ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမ္ဂအဖွဲ့ချုပ် ရုံးခန်းမှာ ပြုလုပ်ခဲ့ပါတယ်။

အစိုးရအနေနဲ့ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတာထက် မီတာခိုးသုံးနေတာတွေကိုသာ လတ်တလော ဦးစားပေးကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ မန္တလေးမြို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS) ရုံးခန်းမှာ ပြုလုပ်ခဲ့တဲ့ မီတာခတိုးမြှင့်ကောက်ခံခြင်းအား ကန့်ကွက်လှုပ်ရှားပွဲကို တက်ရောက်လာသူတွေက ဆိုပါတယ်။

“ရုတ်တရတ်မီတာခတိုးတယ်။ ဒါမဖြစ်သင့်ဘူး။ တကယ်တမ်း အစိုးရလုပ်ရမှာက ကျွန်တော်တို့နိုင်ငံမှာက မီတာကိုခိုးပြီးသုံးနေတဲ့ ကိစ္စရပ်တွေရှိတယ်၊ မီတာခကို ကျသင့်သလောက်မဆောင်ဘဲနဲ့ ခိုးလုပ်နေတာတွေရှိတယ်၊ ဒီလိုကိစ္စရပ်တွေကိုသာ ဦးစားပေးကိုင်တွယ်ဖြေရှင်းသင့်တာပါ၊ လစာဝင်ငွေနဲ့ အဆင်မပြေဖြစ်နေချိန် မှာ ယခုလို မီတာခတိုးကောက်လိုက်တယ်ဆိုတာ ပြည်သူကို အခက်တွေ့စေတာပါပဲ” လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (MICS) မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က Duwun ကို ပြောပါတယ်။


အစ

ိုးရက လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံလိုက်တာအပေါ် မကျေနပ်တာကြောင့် ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ ကန့်ကွက်ကြောင်းလှုပ် ရှားမှုတွေပြုလုပ်ခဲ့ကြပါတယ်။ မန္တလေးမြို့က လှုပ်ရှားမှုကို မန္တလေး ပြည်ကြီးတံခွန်မြို့နယ်အတွင်းက မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS)ရုံးခန်းမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ကနဦးအနေနဲ့ အလုပ်သမား ၁၅ ဦးခန့်ပါဝင်ခဲ့ပါတယ်။




“ကျွန်တော်တို့က အလုပ်သမားတွေဖြစ်လျက်နဲ့ ဘာဖြစ်လို့မီတာခတိုးမြှင့်တဲ့အပေါ် ကမ်ပိန်းပြုလုပ်ရသလဲဆိုရင် မီတာခတိုးတာဟာ ကျွန်တော်တို့အလုပ်သမား တွေကို ထိခိုက်မှုစဖြစ်နေပါပြီ။ အဲဒါကြောင့် ကျွန်တော်တို့ကပဲစပြီးကမ်ပိန်းလုပ်ရတာပါ၊ မီတာခက ဒီလစတက်ပြီ၊ ကျွန်တော်တို့လစာကျတော့ ရပ်တန့်နေတယ်၊ ရန်ကုန်ဝန်ကြီးချုပ်ကပြောတယ်၊ မီတာခတက်ပေမယ့် ကုန်ဈေးနှုန်းမတက်ပါဘူးတဲ့။ တကယ်တော့ ကုန်ဈေးနှုန်းကတက်နေပါပြီ” လို့လည်း ဦးသက်နှင်းအောင် ကပြောပါတယ်။

 ဒီကနေ့ပြုလုပ်တဲ့ မန္တလေးမြို့က မီတာခတိုးမြှင့်ကောက်ခံခြင်းအား ကန့်ကွက်လှုပ်ရှားပွဲကို ကနဦးလှုပ်ရှားမှုပုံစံနဲ့ပြုလုပ်ခဲ့ကြတာလို့သိရပြီး ပူးပေါင်းပါဝင်ကြတဲ့ အလုပ်သမားတွေဟာ လစာမတိုးမီတာခတိုးသည် လို့ စာရွက်ဖြူပေါ်ရေးထားတဲ့စာသားတွေနဲ့လှုပ်ရှားခဲ့ကြတာပဲဖြစ်ပြီး အစိုးရအနေနဲ့ မီတာခတိုးမြှင့်ကောက်ခံတာကို ပြန်လည်စဉ်းစားပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

“တစ်လလောက်စောင့်ကြည့်မယ်။ မီတာကိုသတိထားသုံးမယ်။ မလိုအပ်တဲ့ဟာတွေကိုမသုံးဘူး။ လိုအပ်တာတွေကိုပဲသုံးမယ်။ ဒါတောင်မှမီတာခဘယ်လောက် တောင်တက်မလဲစောင့်ကြည့်မယ်။ ကျွန်တော်တို့ အလုပ်သမားတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ရင်တော့ ဒီကိစ္စကို ပြန်လည်သုံးသပ်ဖို့ လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်၊ ဆန္ဒပြတာတို့ လမ်းပေါ်ထွက်တာတို့ပေါ့” လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂများအဖွဲ့ချုပ် (MICS) မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကပြောပါတယ်။

Share

Loading Next Article...
က္က