သုံးစွဲမှုဓာတ်အားတွေလည်းပျောက်ဆုံးမှုတွေရှိနေပါတယ်။
Ei Ei Htun

မီတာခ နူန်းထားတွေကို တိုးမြှင့်ကောက်ခံနေပေမယ့်လည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စရိတ်ကြီးတာကြောင့် လျှပ်စစ်ကဏ္ဍမှာ အရှုံးပေါ်နေ ဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အစိုးရက ယခု ဘဏ္ဍာနှစ်မှာ လျှပ်စစ်ကဏ္ဍကနေ ကျပ် ၃၂ ဘီလီယံ အမြတ်ငွေရရှိဖို့ ခန့်မှန်းထားခဲ့ပေမယ့်လည်း ဆက်လက်အရှုံးပေါ်နေဆဲဖြစ်တယ်လို့

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ကဦးတင်မောင်ဦး ကပြော ပါတယ်။

“ ပြောရမယ်ဆိုရင် တစ်နှစ်ကို ကျပ် ၇၀၀ ဘီလီယံ တစ်နေ့ကို ၂ ဘီလီယံ ကျပ်လောက် စိုက်ထုတ်ပေးနေရတယ်ဆိုတဲ့အတွက် ပြီးခဲ့တဲ့ နှစ် ဇူလိုင်လမှာ ဓာတ်အားခဈေးနှုန်းတွေကို အပြောင်းအလဲ လုပ်ခဲ့ရပါတယ်။ အဲ့ဒီအတွက် ဒီနှစ်မှာတော့ ကျွန်တော်တို့ မြတ်တယ်လို့ မပြောလိုပါ ဘူး။ ရှုံးတယ်။ ဒါပေမယ့် အရှုံးနည်းသွားတယ်။ အရင်လိုတော့ မရှုံးပါဘူး။ တစ်နှစ်လုံးမှာ ဘီလီယံ ၁၀၀၊ ၂၀၀ ပတ်ဝန်းကျင်လောက်တော့ ရှုံးနိုင်ပါသေးတယ်” လို့ ဦးတင်မောင်ဦး ကပြော ပါတယ်။ 

ဒါ့အပြင် တနိုင်ငံလုံး အတိုင်းအတာအရ ဓာတ်အား ပျောက်ဆုံးမှုတွေလည်းရှိနေပြီး ပျမ်းမျှအနေနဲ့၁၅ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်း အထိရှိနေပါတယ်။ ဒီပျောက်ဆုံး မှုတွေကြောင့် လျှပ်စစ်ကဏ္ဍဟာ ရသင့်သလောက် ဝင်ငွေမရရှိတာဖြစ်လို့ မြို့နယ်အလိုက် စစ်ဆေးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ကွင်းဆင်းစစ်ဆေး မှုပြုလုပ်နေပြီလို့သိရပါတယ်။

ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို စွမ်းအင် အရင်းအမြစ်အမျိုးမျိုးကနေ ထုတ်လုပ်နေရာမှာ အစိုးရပိုင် ရေအား လျှပ်စစ်မှ တယူနစ်ကို ၁၂ ကျပ်၊ ပုဂ္ဂလိကပိုင် ရေအားလျှပ်စစ်မှ ၇၂ ကျပ်၊ နေရောင်ခြည် စွမ်းအင်မှ ထုတ်ယူပါက ၁၉၅ ကျပ်၊ အပူစွမ်းအင်မှ ထုတ်ယူပါက ကျပ် ၁၅၀ နဲ့ ၁၉၀ ကြားမှာ ကျသင့်မှု တွေရှိနေပါတယ်။ 

လက်ရှိမှာ မီတာခနှုန်းထားတွေကို

အိမ်သုံးအမျိုးအစားအတွက် ၁ ယူနစ်ကနေ ၃၀ အထိကို (၃၅)ကျပ် ၃၁ ယူနစ်ကနေ ၅၀ အထိကို (၅၀)ကျပ် ၁၀၁ယူနစ်ကနေ ၁၅၀ အထိကို (၁၁၀)ကျပ် နဲ့ ၂၀၁ ယူနစ်နှင့် အထက်ကို ၁၂၅ ကျပ်ကောက်ခံလျှက်ရှိပါတယ်။


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။





Author


က္က