၇ ယောက်မိထားပါတယ်။
Hmue Eain Zaw
မြိတ်မြို့မှာ လက်ဖက်ရည်ဆိုင်တွေကို လူတွေ အုပ်စုလိုက်ဝင်ရောက်ပြီး ဓါးတွေနဲ့ ခုတ်တဲ့ ဖြစ်စဉ်မှာ ပါဝင်သူတွေကို ဖမ်းမိပြီလို့ မြိတ်ရဲစခန်းက သိရပါတယ်။

ဇွန်လ ၄ ရက်နေ့ ည ၈ နာရီကျော်လောက်မှာ မြိတ်မြို့ သဲကွင်လမ်းထဲက လက်ဖက်ရည်ကို လူတွေ အုပ်စုနဲ့ဝင်ပြီး ဓါးတွေနဲ့ခုတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလို ဓါးခုတ်မှုဖြစ်ပွားခဲ့တာကြောင့် လူ ၃ ယောက် ပြတ်ရှဒဏ်ရာတွေရရှိခဲ့လို့ ဆေးရုံကိုပို့ဆောင်ခဲ့ရပ်တယ်။

"ကျူးလွန်သူတွေထဲက ၇ ယောက်ကိုဖမ်းမိပါပြီ။ ကျန်တဲ့သူတွေကို ဆက်ပြီး ဖမ်းဆီးဖို့အတွက် စုံစမ်းမှုတွေပြုလုပ်နေပါတယ်လို့။" မြိတ်ရဲစခန်းက တာဝန်ရှိသူက Duwun ကိုပြောပါတယ်။

ကျူးလွန်သူတွေကို လိုက်လံရှာဖွေရာမှာ ရေပုန်းနယ်မြေမှာ အုပ်ပိုင်စိုး၊ ပြည့်ဖြိုးဝေ၊ ရဲမွန်ထွေး၊ ဇော်ပိုင်လင်း၊ နေမြတ်ဦး၊ ဇော်ပိုင် တို့ကို ဖမ်းဆီးရမိပြီး ဇွန်လ ၇ ရက်နေ့မှာ ပုဂံကြီးဆိုသူကို ကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကသိရပါတယ်။

ဒါကြောင့် ဓားခုတ်မှုကျူးလွန်သူတွေကို မြိတ်မြို့မရဲစခန်းက (ပ)၁၆၂၇/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ /၃၂၄ / ၁၁၄ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေပြီး ကျန်ရှိတဲ့ ကျူးလွန်သူတွေကို ဖမ်းမိဖို့ လုပ်ဆောင်နေတယ်လို့သိရပါတယ်။


Author


က္က