မိမိကိုယ်တိုင်ဆေးသောက်ပြီးသေကြောင်းကြံစည်ခဲ့တာကြောင့်ပါ။
မောင်ကျော်ဇင်ဝင်းသေဆုံးမှုနဲ့ ပတ်သက်ပြီး လုပ်ငန်းခွင်အတွင်းမှာ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံတဲ့ လုပ်ဖော်ကိုင်ဖက်များကိုလည်း လူ့အခွင့်အရေးအရ စစ်ဆေးနေတာကြောင့် တစ်ခုခုပေါ်လာရင် အမှုအခြေအနေက တစ်မျိုးဖြစ်ချင်ဖြစ်လာနိုင်တယ်လို့ သာကေတမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး မင်းသိန်းလွင်က ပြောပါတယ်။

အလုပ်ခွင်အတွင်း လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံခံခဲ့ရတဲ့ MIUမှ စာကြည့်တိုက်မှူး မောင်ကျော်ဇင်ဝင်းသေဆုံးမှုဟာ မိမိကိုယ်တိုင်ဆေးသောက်သေတာကြောင့် အပြင်လူပယောဂ မပါတဲ့အတွက် ဘယ်သူ့ကိုမှ အရေးယူသွားဖို့မရှိဘူးလို့ သာကေတမြို့မရဲစခန်းမှူးကပြောပါတယ်။



“ကျွန်တော်တို့ဆီမှာ အမှုဖွင့်တာက သေမှုသေခင်းနဲ့ဖွင့်တာ။ အရေးယူပေးဖို့ဖွင့်တာမဟုတ်ဘူး။ သေတာကလည်းသူ့ဘာသာ အဆိပ်သောက်ပြီးသေတာ။ အမှုကလည်းသေမှုသေခင်းနဲ့ ဖွင့်တာဆိုတော့ ဆေးစစ်ဆေးချက်အရကလည်း တခြားဘာပယောဂမှ မရှိဘူး။ ဒါကြောင့် အမှုက သေမှုသေခင်းအတိုင်း ဘာမှ ဆက်လုပ်စရာမရှိဘူး”လို့ ဇူလိုင်လ(၂၉)ရက်နေ့မှာ သာကေတမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး မင်းသိန်းလွင်က Duwun ကိုပြောပါတယ်။

ဒါနဲ့ ပတ်သက်ပြီး တခြား လူ့အခွင့်အရေးကော်မရှင်က စစ်ဆေးနေတာတွေတော့ရှိတယ်။ စစ်လို့ တစ်ခုခုပေါ်လာရင်တော့ အမှုအခြေအနေက တစ်မျိုးတော့ ဖြစ်ချင်ဖြစ်လာနိုင်တယ်လို့ ဒုရဲမှူး မင်းသိန်းလွင်က ဆက်လက် ပြောပါတယ်။ မောင်ကျော်ဇင်ဝင်းသေဆုံးမှုနဲ့ ပတ်သက်ပြီး လုပ်ငန်းခွင်အတွင်းမှာ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံတဲ့ လုပ်ဖော်ကိုင်ဖက်များကိုလည်း လူ့အခွင့်အရေးအရ စစ်ဆေးမှုတွေတော့ရှိနေပါတယ် ။မောင်ကျော်ဇင်ဝင်းဟာ လုပ်ငန်းခွင်အတွင်းမှာ လိင်ပိုင်းဆိုင်ရာကွဲပြားမှုနဲ့ ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက်တွေကခွဲခြားနှိမ့်ချဆက်ဆံခဲ့ကြောင်းကို သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားတင်ခဲ့ပြီးတော့ ပြီးခဲ့တဲ့ ဇွန်လ (၂၄)ရက်နေ့က ဆေးသောက်ပြီး သတ်သေခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က