တရုတ်သူဌေးနဲ့ ဝန်ထမ်းတွေကြားမှာ ဘာသာပြန်ပေးတဲ့ဝန်ထမ်းဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ ပထမဆုံးစတွေ့ခဲ့တဲ့ COVID19 အတည်ပြုလူနာ နံပါတ်(၁၄၄)က လှိုင်သာယာအထည်ချုပ်စက်ရုံက ဝန်ထမ်းဖြစ်ပြီး ကျန်းမာရေးမကောင်းလို့ မိုးညှင်းကို ပြန်လည်ရောက်ရှိသူဖြစ်တယ်လို့ သိရပါတယ်။ 

လူနာ နံပါတ်(၁၄၄)က အသက်(၂၄)နှစ်အရွယ်အမျိုးသားဖြစ်ပြီး လှိုင်သာယာက အထည်ချုပ်စက်ရုံတစ်ခုမှာ တရုတ်သူဌေးနဲ့ အလုပ်သမားတွေကြား ဘာသာပြန်အလုပ်လုပ်ပေးနေတဲ့ ဝန်ထမ်းဖြစ်တယ်လို့ မိုးညှင်းမြို့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက Duwun ကိုပြောပါတယ်။



" သူက ရန်ကုန်ကနေ နေမကောင်းလို့ မိုးညှင်းကိုပြန်ရောက်လာတာ။ အထည်ချုပ်စက်ရုံမှာ ဘာသာပြန်အလုပ်လုပ်နေတာ။ သူ့သဌေးကတရုတ်။ အလုပ်စဝင်တာ မတ်လလောက်ကစဝင်တာ။ ဧပြီလစလောက်ကနေ စဖျားလို့ (၁၅)ရက်နေ့က ရန်ကုန်ကနေပြန်လာပြီးတော့ (၁၆)ရက်နေ့မှာ မိုးညှင်းကိုရောက်တယ်။ ကားစီးလုံးဌားလာတာ။ လိုက်ပို့တဲ့သူတွေကလည်း PPE ဝတ်စုံအပြည့်နဲ့ဆိုတော့ သူ့သူဌေးက ကြိုသိလို့ အခုလိုကားစီးလုံးငှားပေးပြီးလိုက်ပေးပေးတာလားတော့မသိဘူး။ ကောင်လေးက နဲနဲနွမ်းပါးတော့ ကားတော့စီးလုံးငှားနိင်မှာမဟုတ်ဘူး" လို့ ဦးတင်အေးကပြောပါတယ်။ 

လူနာ နံပါတ် (၁၄၄) မိုးညှင်းကိုစရောက်တဲ့ နေ့မှာပဲ Quarantine ထားရှိထားရာကနေ (၁၈)ရက်နေ့မှ အပြင်းဖျားလာတဲ့ အတွက် (၁၉)ရက်နေ့ မှာ ဓာတ်ခွဲနမူနကို ရန်ကုန်ကိုပို့ခဲ့တာလို့ သိရပါတယ်။

မနေ့ကညက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ လူနာနံပါတ်(၁၄၄)အဖြစ် အတည်ပြုလူနာဖြစ်လာခဲ့တာပါ။ 

မိုးညှင်းကို စရောက်တဲ့ နေ့ကတည်းက Quarantine ထားရှိထားတာဖြစ်လို့ မိုးညှင်းက မိသားစုတွေနဲ့တော့ ထိတွေ့မှုမရှိထားပေမယ့် ရန်ကုန်က စက်ရုံဝန်ထမ်းတွေနဲ့ကတော့ ထိတွေ့မှုတွေရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ရန်ကုန်က စက်ရုံကိုလည်းစုံစမ်းနေသလို ဘယ်လို လုပ်ဆောင်ထားလည်းဆိုတာကတော့ မသိရှိရသေးဘူးလို့ ဦးတင်အေးကပြောကြားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က