loading...

loading...

loading...

ပိတ်မိသူနှစ်ဦးမှာလည်း အသက်ရှင်နိုင်ဖွယ်မရှိဘူးလို့ဆိုပါတယ်။
Ei Ei Htun

မတ်လ(၇)ရက်နေ့က ပြိုကျခဲ့တဲ့ မိုးကုတ်က ကျောက်စာတောင်ကျောက်တွင်း ပြိုကျမှုအတွင်းမှာ ပိတ်မိနေသူတွေကို ယနေ့အထိရှာဖွေမတွေ့ရှိတဲ့အပြင် ရှာဖွေကယ်ဆယ်ရေးသမားတွေလည်း အန္တရာယ်ရှိလို့ ဒီကနေ့ (၃)ရက်မြောက်နေ့မှာပဲ ရှာဖွေရေးလုပ်ငန်းတွေကိုရပ်နားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

photo- Kyaw Myo Hlaing

ပိတ်မိနေတဲ့သူနှစ်ဦးမှာလည်း အသက်ရှင်နိုင်ဖွယ်မရှိသလို ရှာဖွေရေးသမားတွေမှာပါ အန္တရာယ်ရှိတာကြောင့် အခုလိုလက်‌လျှော့လိုက်ရတာဖြစ်တယ်လို့ မိုးကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစောသောင်းတင်က Duwun ကိုပြောပါတယ်။

“ အန္တရာယ်အရမ်းများလို့ရှာဖွေရေးကို ရပ်နားလိုက်တာပါ။ ကျောက်တွင်းက အရင်တွင်းဟောင်းကြီးဖြစ်တော့ ရှာဖွေရေးသမားတွေကလည်း ကျောက်တုံးတွေကြားထဲထိဆင်းရှာရတာ။ ပေ(၇၀၀၀)လောက်နက်တော့ ရှာဖွေရေးသမားတွေအောက်ရောက်လေ အပေါ်က ကျောက်သားမြေသားတွေပြိုကျလေဖြစ်နေတာ။အဲဒါကြောင့်ပိတ်မိနေသူနှစ်ဦးရဲ့ မိသားစုဝင်တွေကိုလည်း အေးအေးဆေးဆေးနားချပြီး အခုလို လက်‌‌‌လျှေ့လိုက်ရတာပါ။ မိသားစုဝင်တွေအတွက်တော့ တကယ်စိတ်မကောင်းပါဘူး”လို့ ဦးစောသောင်းတင်ကပြောပါတယ်။ 

မတ်လ(၇)ရက်နေ့က မိုးကုတ်မှာ အင်အားနည်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး အဆိုပါပြိုကျခဲ့တဲ့ ကျောက်စာတောင်က ငလျင်မလှုပ်ခင်ကတည်းက ပြိုကျလုနီးပါးဖြစ်နေတာမှာ ငလျင်လှုပ်လိုက်တော့ ပိုဆိုးသွားခဲ့တယ်လို့ ဦးစောသောင်းတင်ကပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကိုရပ်ဆိုင်းလိုက်ပြီး မိသားစုဝင်တွေနဲ့ ရပ်ရွာတာဝန်ရှိသူတွေကတော့ အဆိုပါကျောက်စာတောင်အနီးမှာရပ်ရွာဓလေ့အတိုင်း ပူဇော်ပသတာတွေ၊ ဘေးအန္တရာယ်ကင်းအောင် ကိုးကွယ်ယုံကြည်ရာတွေကို ဆုတောင်းပွဲတွေပြုလုပ်လျှက်ရှိတယ်လို့ သိရပါတယ်။


loading...

က္က