ကျေးရွာချင်းဆက်လမ်းအချို့ပျက်စီးခဲ့တယ်လို့သိရပါတယ်။

မိုးကုတ်မြို့မှာ ဒီကနေ့မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မိုးကုတ်ရေနီချောင်း ရေလျှံမှုဖြစ်ပွါးခဲ့ကာ မြို့တွင်းရေကြီးရေလျှံမှုဖြစ်ခဲ့ပါတယ်။

Photo: IPRD Mogok

ရေကြီးရေလျှံမှုကြောင့် တောင်ကုန်းမြေသားတွေပြိုကျမှုတွေရှိသလို မိုးကုတ်မြို့ကနေ ကျေးရွာချင်းဆက်မြေသားလမ်းတစ်ချို့ ပျက်စီးမှု အနည်းငယ်ရှိခဲ့တယ်လို့လည်းသိရပါတယ်။

“မိုးက မနက် (၇)နာရီလောက်စရွာတာ သည်းကြီးမည်းကြီးနဲ့ ရေအရမ်းပါတယ်။ အဲ့တော့ မြို့တွင်းလမ်းတွေနဲ့ ရပ်ကွက်တွေထဲရေလျှံခဲ့တာပါ ခုနေ့လည် (၁)နာရီလောက်မှာ ရေလည်းပြန်ကျသွားပြီ ။ မိုးလည်းတိတ်ပါပြီ။ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ရတာတွေလည်းမရှိခဲ့ပါဘူး”လို့မိုးကုတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က Duwun ကိုပြောပါတယ်။

Photo: IPRD Mogok

မိုးကုတ်မြို့တွင်း ရေလျှံခဲ့ပေမယ့် အသွားအလာကတော့ ပုံမှန်တိုင်းရှိနေပြီး ရေအားလျှပ်စစ်တွေလည်းရှိတဲ့အတွက် ရေအားလျှပ်စစ်ရဲ့ ရေတံခါးတွေတော့ ဖောက်လိုက်ရတယ်လို့ ဆိုပါတယ်။

အခုရေကြီးမှုကြောင့် ပျက်စီးခဲ့တဲ့ လမ်းရဲ့ အောက်ပိုင်းက မြေသားအပွတွေဖြစ်လို့ စိတ်ချရတဲ့အနေအထားမှာမရှိဘူးလို့ ဦးစောသောင်းတင်ကကပြောပါတယ်။ 

မိုးကုတ်မြို့မှာ အချိန် ၅နာရီကျော်ကြာ ရေကြီးရေလျှံမှုဖြစ်ပွါးခဲ့ပေမယ့် မြို့တွင်းနဲ့ ကျေးရွာအချို့မှာ လမ်းပျက်စီးမှုကလွဲပြီးတခြားပျက်စီးဆုံးရှုံးမှုတွေမရှိခဲ့ဘူးလို့လည်းသိရပါတယ်။ 

Share

Loading Next Article...
က္က