ညနေ(၅)နာရီမှာ သဂြိုလ်သွားမှာပါ။
Ei Ei Htun

နိုဝင်ဘာ(၄)ရက်နေ့က ညနေ (၆)နာရီ (၅၇)မိနစ်မှာ ကွယ်လွန်သွားခဲ့တဲ့ မိုးလေဝသနှင့် ဇလဗေဒပညာရှင်ဒေါက်တာဦးထွန်းလွင်၏ ရုပ်အလောင်းကိုတော့ နိုဝင်ဘာလ(၆)ရက်နေ့ ညနေ(၅)နာရီမှာ ရေဝေးသုသာန်သို့ ပို့ဆောင်သဂြိုလ်မှာဖြစ်တယ်လို့ ဆရာကြီးဦးထွန်းလွင်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ကျန်ရစ်သူမိသားစုက အသိပေးထားပါတယ်။

ဆရာကြီးရဲ့နေအိမ်ဖြစ်တဲ့ သင်္ကန်းကျွန်းမြို့နယ် (၂၄)ရပ်ကွက်၊သုဝဏ္ဏ၊ သံသုမာလမ်း တိုက်(၆)၊ အခန်း(၁) သံသုမာလမ်း တိုက်(၆)၊ အခန်း(၁)နေအိမ်မှ နာရေးလိုက်ပါပို့ဆောင်မယ့် ကားများဟာ နိုဝင်ဘာလ(၆)ရက်နေ့ နေ့လည်(၂)နာရီခွဲအချိန်မှာ ထွက်ခွာမှာဖြစ်တယ်လို့သိရပါတယ်။

photo- Aung Win

ဒေါက်တာထွန်းလွင်ဟာ နှလုံး၊ ဆီးချို၊ ကျောက်ကပ်ရောဂါဝေဒနာများ ခံစားနေရကာ ကျန်းမာရေးအခြေအနေကြောင့် အလုပ်တွေကို ခဏနားထားပြီး ဂရန်းဟန်သာဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ်ကွယ်လွန်ခဲ့တာ။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၅)ရက်နေ့ညပိုင်းက ဆရာကြီးကွယ်လွန်ပြီဆိုတဲ့သတင်းများ လူမှုကွန်ရက်မှာထွက်ပေါ်လာခဲ့လို့ ဆရာကြီးက သူကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ ကောလဟာလသတင်းတွေကို မယုံကြဖို့ကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် Live လွှင့်ပြောကြားခဲ့ပါသေးတယ်။

photo- U Tun Lwin Fb

မနေ့ကဆရာကြီး ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကိုလည်း မိသားစုဝင်များက ဆရာကြီးရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးခဲ့တာပါ။ ဆရာကြီးရဲ့ရုပ်အလောင်းကိုတော့ ညတွင်းချင်း ဂရန်းဟန်သာဆေးရုံကနေ နေအိမ်ကို ပြန်လည်သယ်ဆောင်လာခဲ့ပြီး နေအိမ်မှာ (၂)ရက်ထားကာ နိုဝင်ဘာလ(၆) ဗုဒ္ဓဟူးနေ့မှာ သဂြိုလ်သွားမှာဖြစ်ပါတယ်။ ဒေါက်တာထွန်းလွင်ဟာ (၁၉၄၈)ခုနှစ် ဇန်နဝါရီလ (၁၇)ရက်နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မှာ မွေးဖွားခဲ့ပြီး အခုကွယ်လွန်ချိန်မှာတော့ အသက်(၇၂)နှစ်ရှိပြီဖြစ်ပါတယ်။


က္က