စတုတ္ထအကြိမ်မြောက် ရောဂါပိုး ရှိ/မရှိ စစ်ဆေးသွားဦးမှာ ဖြစ်ပြီး ၃ကြိမ်ဆက်တိုက် ပိုးမတွေ့တော့ရင် ဆေးရုံ မှာ ၇ရက်သီးသန့် ထပ်နေပြီးမှ နေရပ် မိုးမောက်ကို ပြန်ခွင့်ပြုမယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်က ကိုဗစ်-၁၉ အတည်ပြုလူနာအမှတ် ၂၄၉မှာ ရောဂါပိုး ၂ကြိမ်ဆက်တိုက် မတွေ့ရ တော့ဘူးလို့ ဗန်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက Duwun ကိုပြောပါတယ်။



လူနာဟာ မိုးမောက်မြို့နယ်၊ ဝိန်ခမ်းကျေးရွာက သားဖွားဆရာမ တစ်ဦးဖြစ်ပြီး လွယ်ဂျယ် နယ်စပ်ဂိတ်က ပြန်တော်ပြန်တွေကို စစ်ဆေးပေးရတဲ့ကျန်းမာရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ရင်း ရောဂါပိုး ကူးစက်ခံရတယ်လို့ သိရပါတယ်။

“လူနာကို ကျွန်တော်တို့ ဒုတိယအကြိမ်စစ်တာက ဇွန် ၁၈ရက်မှာစစ်တာ အဖြေကိုတော့ ဇွန်လ ၂၆နေ့က သိခဲ့ရပြီး အခု တတိယအကြိမ်ကိုတော့ ဇွန်လ ၃၀ရက်နေ့ ဒီနေ့ပဲ သိရတာပါ။ ရောဂါပိုး ၂ကြိမ်ဆက်တိုက် မတွေ့ရတော့ပေမယ့် ဆေးရုံက ဆင်းခွင့်ရဦးမှာမဟုတ်ဘဲ နောက်ထပ် စတုတ္ထအကြိမ် စစ်ဆေးနိုင်ဖို့ ဓာတ်ခွဲနမူနာကို ထပ်မံပို့ထားတယ်လို့သိရပါတယ်။အဲ့ဒီအဖြေမှာ ပိုးမတွေ့ရင်တော့ သူ့အနေနဲ့ သီးသန့်ဆောင်မှာ နောက်ထပ် ၇ရက် ထပ်နေ ပြီးရင် အိမ်ပြန်လို့ရပါပြီ။”လို့ ဦးအောင်သိန်းကပြောပါတယ်။

လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူ စုစုပေါင်း ၂၂၆ဦးရှိပြီး အားလုံးကို ဓာတ်ခွဲစစ်ဆေးမှု ၂ကြိမ်တိတိပြုလုပ်ခဲ့ကာ ၂ကြိမ် စလုံးမှာ အားလုံးရဲ့ အဖြေက ပိုးမတွေ့ရဘူးလို့လည်း သိရပါသေးတယ်။

ရောဂါပိုး မတွေ့ကြပေမယ့်လည်း သတ်မှတ် ကွာရန်တင်း ကာလအတိုင်း ဝင်နေကြရဦးမှာ ဖြစ်လို့ အားလုံး သက်ဆိုင်ရာ နေရပ်ဒေသအသီးသီးမှာ ကွာရန်တင်း ဝင်နေကြရဆဲလို့ သိရပါတယ်။

လူနာအမှတ်(၂၄၉)ဟာ ကချင်ပြည်နယ်အတွင်း ဒုတိမြောက်တွေ့ရှိတဲ့ ကိုဗစ်-၁၉ ကူးစက်ခံရသူဖြစ်ပြီး ကချင်ပြည်နယ်မှာပထမဆုံးစတင်တွေ့ရှိခဲ့တဲ့လူနာအမှတ် ၁၄၄ကတော့ ရောဂါပိုး ပြန်လည်ပျောက်ကင်းသွားပြီလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က