တတိယအကြိမ်အတွက် ဓာတ်ခွဲနမူနာ ပို့ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

လူနာနဲ့ထိတွေ့ခဲ့သူ ၁၂၂ယောက်ရှိပြီး လူနာရဲ့ မိခင်၊အမျိုးသားအပါအဝင် အားလုံး ရောဂါပိုး မတွေ့ရှိဘူးလို့သိရပါတယ်။

ဓာတ်ပုံ - Bhamo Township Info Committee NLD



ဇွန်လ ၁၁ရက်နေ့မှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့တဲ့ မိုးမောက်က လူနာအမှတ် ၂၄၉ကို ဒုတိယအကြိမ် ဆေးစစ်ရာမှာ တော့ ရောဂါပိုး မတွေ့ရှိဘဲ Negative ပြနေတယ်လို့ ဗန်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက Duwun ကိုပြောပါတယ်။

လူနာက ဇွန်လ ၁၈ရက်နေ့မှာ ဒုတိယအကြိမ် ဓာတ်ခွဲနမူနာရယူခဲ့ပြီး ဇွန်လ ၂၆ရက်နေ့မှာ ဓာတ်ခွဲအဖြေပြန်လည် ရရှိခဲ့ကာ ရလဒ်က ရောဂါပိုးမတွေ့ဘဲ Negative ဖြစ်နေတာပါ။ 

“ဒုတိယအကြိမ်စစ်တာက ဇွန် ၁၈ရက်မှာစစ်တာ ဇွန်လ ၂၆ (မနေ့)က ဝန်ကြီးလာတဲ့ အချိန်မှာသိရတယ်။ တဆက်တည်းမှာပဲ တတိယအကြိမ်ဓာတ်ခွဲနိုင်ဖို့လည်း ဓာတ်ခွဲနမူနာကို ပို့ထားပြီး ဖြစ်ပါတယ်။အဲ့တော့ ဒုတိယ အဖြေ မသိခင်ကတည်းက တတိယ အကြိမ်မြောက် ဓာတ်ခွဲ နမူနာကို ပို့နှင့်ပြီး ဖြစ်ပါတယ်။”လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက ပြောပါတယ်။

ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းမှ လူနာအမှတ် ၂၄၉ကို အားပေးစကားပြောကြားနေစဥ််

ဓာတ်ပုံ - Bhamo Township Info Committee NLD

လက်ရှိမှာ လူနာရဲ့ ကျန်းမာရေးလည်း ကောင်းမွန်ပြီး ဗန်းမော်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ပေးနေ တယ်လို့သိရပါတယ်။

လူနာနဲ့ ထိတွေ့ခဲ့သူ စုစုပေါင်း ၁၂၂ ဦးကိုလည်း ဓာတ်ခွဲနမူနာ ရယူ စစ်ဆေးခဲ့ရာမှာ အားလုံး ရောဂါပိုး Negative ထွက်တယ်လို့လည်း ဦးအောင်သိန်းက ဆက်လက်ပြောပါတယ်။

“လူနာက ရွှေလီမှာ တာဝန်ကျတာ တစ်လလောက်ပဲရှိသေးတယ်လို့သိရတယ်။သူနဲ့ ထိတွေ့သူက စစ်တာ ၁၃၇လို့ ထင်တာ ဆရာဝန်ကြီးက ပြောတာ ၁၂၂‌ယောက်ပဲတဲ့။ဒါပေမယ့် အားလုံး ရောဂါပိုး မတွေ့ပါဘူး။ကွာရန်တင်း ဝင် နေကြရတာတော့ ရက်မပြည့်သေးလို့ မထွက်ကြရသေးပါဘူး။အားလုံးကျန်းမာရေးကောင်းပြီး လူနာလည်း ကျန်း မာရေးကောင်းပါတယ်။”လို့ ဦးအောင်သိန်းက ပြောပါတယ်။

လူနာနံပါတ် (၂၄၉)က အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိထားသလို ပြည်ပခရီးသွားရာဇဝင်လည်းမရှိဘဲ ပြည်ပကပြန်လာတဲ့သူတွေကို ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ပေးခဲ့ရာကနေ ရောဂါကူးစက်ခံရဖွယ်ရှိတယ်လို့သုံးသပ်ထားကြပါတယ်။ 

လူနာနံပါတ် (၂၄၉)ရဲ့ ရောဂါပိုးကူးစက်ခံရမှု အကြောင်းအရင်းကိုတော့ ယနေ့ထိမသိရှိရသေးဘဲ သူနဲ့ ထိတွေ့ခဲ့သူတချို့ရဲ့ဓာတ်ခွဲနမူနာအဖြေကိုစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ လူနာအမှတ်(၂၄၉)ဟာ ကချင်ပြည်နယ်အတွင်း ဒုတိမြောက်တွေ့ရှိတဲ့ ကိုဗစ်-၁၉ကူးစက်ခံရသူဖြစ်ပြီး ကချင်ပြည်နယ်မှာပထမဆုံးစတင်တွေ့ရှိခဲ့တဲ့လူနာက လူနာအမှတ်(၁၄၄)ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က