ရက်ပိုင်းအတွင်းအပြီးဆောင်ရွက်သွားမှာပါ။

အဆိုပါကျိုးသွားတဲ့တံတားနေရာမှာ ဘေလီတံတားထိုးဖို့စီစဉ်ဆောင်ရွက်နေကာ လက်ရှိမှာတော့ မြေသားလမ်း လမ်းလွှဲပြုလုပ်ထားပြီး ကားတွေသွားလာလို့ရနေပါပြီ။ 

မိုင်းရယ်နဲ့ လားရှိုးမြို့ကို အဓိကဆက်သွယ်ထားတဲ့ မိုင်းရယ်-လားရှိုးကားလမ်းပေါ်က နမ္မတုံးတံတားဟာ ဒီဇင်ဘာလ(၁၂)ရက်နေ့က ကားတစ်စီးဖြတ်သန်းစဉ်မှာ ပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။ မနေ့ကနေ့လယ်ပိုင်းလောက်က ပြိုကျပျက်စီးခဲ့ပြီး အဆိုပါလမ်းဟာ ပြည်သူတွေနေ့စဉ်မရှိမဖြစ်သွားလာနေရတဲ့ လမ်းဖြစ်လို့ လက်ရှိမှာယာယီဘေလီတံတားထိုးသွားမှာဖြစ်တယ်လို့သိရပါတယ်။

photo- MOI Webportal Myanmar

“ ယာယီဘေလီတံတားထိုးဖို့ အခုတော့ သံဘောင်တွေချထားပြီ။ ဘေလီတံတားမပြီးခင်မှာလည်း မဖြစ်မနေအသုံးပြုနေရတဲ့ လမ်းဆိုတော့ လမ်းလွှဲလုပ်ထားတယ်။ မနေ့ကညကတစ်ညလုံး လမ်းလွှဲလုပ်ထားတော့ အခုမနက်အစောကစပြီး ကားတွေအားလုံးဖြတ်သန်းသွားလာလို့ရနေပြီ”လို့ မိုင်းရယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုင်းကျော်သီဟက Duwun ကိုပြောပါတယ်။

အခုကျိုးသွားတဲ့ တံတားဟာ လမ်းအကွေ့မှာ ဆောက်လုပ်သွားတာဖြစ်လို့ ဖြတ်သန်းမောင်းနှင်တဲ့ မော်တော်ယာဉ်တွေကလည်း လမ်းအကွေ့တိုင်းလိုက်မောင်းရင်း တံတားက တစ်ဖက်နိမ့်ကျနေတာဖြစ်တယ်လို့ သိရပါတယ်။ တံတားက မိုင်းရယ်-လားရှိုး ကားလမ်းပေါ်ရှိ မိုင်တိုင် (၃၆)မိုင် ၆ဖာလုံနဲ့ ၇ဖာလုံကြားမှာရှိပြီး တံတားခံနိုင်ဝန်ကတန်(၄၀)ဖြစ်ပါတယ်။

photo- MOI Webportal Myanmar

 အခုကျိုးတာကလည်း ဟိုက်ဂျက်ကားတစ်စီးဖြတ်သန်းစဉ်မှာကျိုးကျတာဖြစ်ပြီး ကားကဝိတ်ပါလို့မဟုတ်ဘဲ တံတားက အရင်ကတည်းက ဒဏ်ရှိလို့ကျိုးကျတာဖြစ်တယ်လို့ ဦးစိုင်းကျော်သီဟက ပြောပါတယ်။ နမ္မတုံးတံတားဟာ တောင်ကြီး၊ လွိုင်လင်၊ လဲရှား၊ ပင်လုံတို့ကိုလည်းသွားလို့ရတဲ့တံတားဖြစ်လို့ မဖြစ်မနေလိုအပ်တဲ့ တံတားဖြစ်တယ်လို့သိရပါတယ်။ 



က္က