Quarantine ဝင်ထားရသူတွေမှာလည်းမြင်းခြံမြို့မှာတင် နှစ်ရာကျော်သွားပြီဖြစ်တယ်လို့သိရပါတယ်။
Minn Nandar

မြင်းခြံမြို့မှာ လူနာအမှတ် ၇၈၈ ကစခဲ့တဲ့ ပိုးတွေ့လူနာထပ်တိုးတွေ့ရှိမှုက ဒီကနေ့မနက် ၈ နာရီသတင်းအရဆိုရင် ပိုးတွေ့လူနာစုစုပေါင်း ၃၀ ဦးအထိရှိနေပြီဖြစ်ပါတယ်။

"ဒီနေ့က ၁၇ ဦးပိုးတွေ့တာပေါ့၊ ၉၄ ဦးလား စစ်တာ ၁၇ ဦးတွေ့တယ်၊ ကျွန်တော်တို့သူတို့ကို ခရိုင်ဆေးရုံကြီးမှာထားပါတယ်၊ Gym တစ်ခုမှာ အားကစားသွားလုပ်ခဲ့သူလည်းပါတယ်၊ ကုမ္ပဏီဝန်ထမ်းလည်းပါတယ်လို့လတ်တလောသိထားပါတယ်၊ ကျွန်တော်တို့စစ်ဆေးဆောင်ရွက်နေတုန်းဖြစ်ပါတယ် လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်ထုတ်ပြန်တဲ့ မြင်းခြံမြို့ကအတည်ပြုလူနာ ၁၇ ဦးကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်အမတ်ဦးအောင်မျိုးလတ်က Duwun ကို ပြောပါတယ်။

ပိုးတွေ့လူနာအသစ် ၁၇ ဦးက မြင်းခြံမြိုက Quarantine Center တွေမှာထားရှိစစ်ဆေးရင်းနဲ့ ရောဂါပိုးတွေ့ရှိကြောင်းသိရသူတွေဖြစ်ပြီး အဲဒီအထဲမှာ ဈေးသည်ကျောင်သား ကျောင်းသူတွေကနေ ကုမ္ပဏီဝန်ထမ်းနဲ့ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ကြသူတွေပါဝင်တယ်လို့လည်းသိရပါတယ်။

ဓာတ်ပုံ - ရင်ဘတ်တူညီနောင်လူမှုကယ်ဆယ်ရေး(မန္တလေး)

မြင်းခြံပိုးတွေ့လူနာမှတ် ၇၈၈ ကနေစခဲ့တဲ့ မြင်းခြံမြို့ကပိုးတွေ့လူနာထပ်တိုးတွေ့ရှိမှုတွေဟာ စက်တင်ဘာလ ၂ ရက်နေ့က ၃ ဦး၊ စက်တင်ဘာလ ၃ ရက်နေ့က ၁ ဦး၊ စက်တင်ဘာလ ၄ ရက်နေ့က ၈ ဦး၊ စက်တင်ဘာလ ၅ ရက်နေ့က ၁ ဦးနဲ့ ဒီကနေ့ စက်တင်ဘာလ ၆ ရက်နေ့မှာ ၁၇ ဦး စုစုပေါင်း ၃၀ ရှိနေပြီဖြစ်ပြီး အဲဒီထဲက လူနာအမှတ် ၇၈၈ ရဲ့ဇနီးနဲ့သား၊ လူနာအမှတ် ၇၈၈ ဆေးခန်းပြခဲ့တဲ့ဆေးရုံကသူနာပြုတို့ကို မန္တလေးမြို့က ကန်တော်နဒီဆေးရုံမှာထားရှိကုသပေး ထားတယ်လို့သိရပါတယ်။

မြင်းခြံပိုးတွေ့လူနာအမှတ် ၇၈၈ နဲ့ထိတွေ့ခဲ့လို့ ဒီကနေ့အထိ ရောဂါကူးစက်ခံရသူ ၃၀ ဦးအထိရှိနေပြီး Quarantine ဝင်ထားရသူတွေမှာလည်းမြင်းခြံမြို့မှာတင် နှစ်ရာကျော်သွားပြီဖြစ်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က