(၁၀)ဦးကိုတော့ swab ယူထားပြီဖြစ်ပါတယ်။

မကွေးမှ ကိုဗစ်လူနဲ့ ထိတွေ့ထားသူ အားလုံး (၂၁) ဦးရှိပြီး အဆိုပါ (၂၁) ဦးကို သူတို့နေထိုင်ရာ နေရာတွေမှာပဲ အသွားအလာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။ 

ကိုဗစ်လူနာက မကွေးမြို့ လျောင်းတော်ကျေးရွာမှာနေထိုင်တဲ့သူဖြစ်ပြီး ထိတွေ့ထားသူအားလုံးကလည်း အဆိုပါကျေးရွာကဖြစ်ပါတယ်။ လက်ရှိမှာ ထိတွေ့ထားသူ (၂၁)ဦးထဲက (၁၀)ဦးကို ဓာတ်ခွဲစစ်ဆေးဖို့ swab ယူထားတယ်လို့ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်က Duwun ကိုပြောပါတယ်။



“ အခုတော့ (၁၀)ယောက်ကိုပဲ swab ယူထားသေးတယ် (၁၀)ယောက်ပဲစစ်နိုင်အုံးမှာမလို့။ အခုပိုးတွေ့လူနာက ယာဉ်မောင်းဖြစ်ပြီး သူက ရခိုင်မာ အလုပ်လုပ်မယ့် ပန်းရံသမားတွေကို သွားပို့ပြီး ပြန်လာတဲ့သူ ဖြစ်တယ်” လို့ ဦးသက်လွင်ကပြောပါတယ်။ 

လူနာကိုတော့ မကွေးသင်ကြားရေးဆေးရုံမှာ ဆေးကုသမှုဆောင်ရွက်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။ ပိုးတွေ့လူနာ နေထိုင်တဲ့ လျောင်းတော်ကျေးရွာကိုတော့ လက်ရှိအချိန်ထိ lock down လုပ်ထားတာမရှိသေးဘဲ ထိတွေ့ထားတဲ့ သူတွေကိုသာ အသွားအလာကန့်သတ်ထားလျှက်ရှိပါတယ်။ 

မကွေးက ပိုးတွေ့လူနာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ မနေ့ကည (၈)နာရီမှာ ထုတ်ပြန်ခဲ့တဲ့ လူနာ(၉၅)ဦးထဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး အသက် (၃၅)နှစ်အရွယ် လူနာအမှတ်(၈၈၃)ဖြစ်ပါတယ်။ လူနာနံပတ် (၈၈၃)က မကွေးတိုင်းရဲ့ စတုတ္တမြောက်တွေ့ရှိတဲ့ ပိုးတွေ့လူနာလည်း ဖြစ်ပါတယ်။ 

(မှတ်ချက် - Magway Post မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က