မကြာမီဆေးရုံမှဆင်းခွင့်ရနိုင်တော့မှာဖြစ်ပါတယ်။

မကွေးမြို့မှာ ပထမဆုံးဆုံး COVID 19 အတည်ပြုလူနာ နံပါတ်(၅၃)ကို ဆေးစစ်ဆေးရာမှာ နှစ်ကြိမ်ဆက်တိုက် negative ပြနေတယ်လို့ သိရပါတယ်။ 

အဆိုပါ လူနာနံပါတ်(၅၃)ဟာ အသက်(၃၁)နှစ်အရွယ် အမျိုးသားဖြစ်ကာ ထိုင်းကနေ မကွေးကို ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး Quarantine ဆောင်ရွက်ထားစဉ်အတွင်းမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက Duwun ကိုပြောပါတယ်။



“ မတ်လ(၂၉)ရက်နေ့က ထိုင်းကနေပြန်လာတယ်။ မတ်လ(၃၀) ရက်နေ့မှာပဲ မကွေးရောက်တာနဲ့ ချက်ချင်း Quarantine ထားရှိလိုက်တာ။ မနေ့က ဆေးစစ်ဆေးချက် အဖြေက Negative ပြတယ်။ ဒါက ဒုတိယအကြိမ်ပြတာပါ။ပြီးခဲ့တဲ့ တစ်ပတ်လောက်က ပထမအကြိမ် negative ပြခဲ့တယ်။ လက်ရှိမှာ လူနာရဲ့ ကျန်းမာရေးကလည်း ဖျားတာ၊ နာတာမရှိဘူး အားလုံးကောင်းမွန်နေတယ်ဆိုတော့ မကြာခင်ဆေးရုံက ဆင်းခွင့်ရနိုင်ဖို့ အလားအလာတွေရှိပါတယ်" လို့ ဦးကျော်ဌေးက ပြောပါတယ်။ 

လူနာနံပတ်(၅၃)က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဧပြီလ(၁၃)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ လူနာစာရင်းထဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး ရောဂါပိုးရှိကြောင်း သိရှိပြီးနောက် Quarantine ထားရှိတဲ့နေရာကနေ မကွေးဆေးရုံကြီးမှာ လွှဲပြောင်းကုသမှုခံယူခဲ့တာဖြစ်ပါတယ်။

မကွေးကိုပြန်လည်ရောက်ရှ်လာတဲ့အချိန်မှာပဲ Quarantine စင်တာမှာ ထားရှိခဲ့တာဖြစ်လို့ သူနဲ့ထိတွေ့ထားသူ တစ်ဦးတစ်ယောက်မှမရှိထားပါဘူး။

လူနာနံပတ်(၅၃)သာ ရောဂါပျောက်ကင်းပြီး ဆေးရုံက ဆင်းခွင့်ရရင်တော့ မကွေးမှာ COVID 19 အတည်ပြုလူနာ တစ်ဦးတစ်ယောက်မှ မရှိတော့ပါဘူးလို့ ဦးကျော်ဌေးက ပြောပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ (၁၄၆)ဦးရှိပြီး (၅)ဦးသေဆုံးကာ (၉)ဦးက ဆေးရုံကဆင်းခွင့်ရရှိထားပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က