မလေးရှားရောက် မြန်မာနိုင်ငံသားနှစ်ဦး ကိုယ့်ကိုကိုယ် အဆုံးစီရင်မှု ထပ်မံဖြစ်ပွားပြန်

မလေးရှားမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေက COVID ကာလအတွင်းမှာ အလုပ်လက်မဲ့နဲ့ နေထိုင်စားသောက်မှုအခက်အခဲတွေများစွာကြုံတွေ့နေရတာကြောင့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင် သတ်သေသူက (၁၁)ဦးထိ ရှိလာပါတယ်။ 

မေလ (၇)ရက်နေ့ကနေ ဇူလိုင်လ (၁၁)ရက်နေ့အထိ သေဆုံးသူ (၉)ဦးရှိခဲ့ပြီး ဇူလိုင်လ (၁၄)ရက်နေ့တစ်ရက်တည်းမှာ နှစ်ဦးထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ (၁၁)ဦးထိရှိလာတာပါ။



“ (၁၄)ရက်နေ့က သေဆုံးခဲ့တဲ့နှသ်ယောက်က တရားဝင်အလုပ်လုပ်ကိုင်နေတဲ့သူတွေ။ နှစ်ယောက်လုံးက ကြိုးဆွဲချသေတာ။ အကြောင်းရင်းကတော့ စိတ်ဖိစီးမှုများတာတွေကြောင့်ပါပဲ”လို့ မလေးရှားရောက် မြန်မာလုပ်သားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကပုန်းနာရေးကူညီမှုအသင်း ဥက္ကဌ ဦးစန်းဝင်းက Duwun ကိုပြောပါတယ်။

ဇူလိုင်လ (၁၄)ရက်နေ့က သေဆုံးခဲ့သူနှစ်ဦးက တရားဝင်အလုပ်လုပ်ကိုင်နေတဲ့သူဖြစ်တယ်လို့သိရပါတယ်။ ဇူလိုင်လ ၁၁ရက်နေ့ထိသေဆုံးသူ(၉)ဦးကတော့တရားမဝင်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဖြစ်ကာ အသက် (၂၀)ကျော် လူငယ်တစ်ဦးလည်းပါဝင်ခဲ့ပါတယ်။ လက်ရှိ မလေးရှားနိုင်ငံမှာ မြန်မာလုပ်သား ငါးသိန်းခန့်ရှိတဲ့အနက် နှစ်သိန်းကျော်ဟာ တရားမဝင် မြန်မာလုပ်သားတွေဖြစ်တယ်လို့လည်း သိရပါတယ်။

နေရပ်ပြန်ဖို့ အခက်အခဲကြုံနေတဲ့ မလေးရှားရောက် တရားမဝင် မြန်မာအလုပ်သမားတွေကို အစိုးရက ပြန်ခေါ်ဖို့ ဇွန်လ ၂၃ ရက်က စတင်ကာ လျှောက်လွှာတွေ ပေးပို့နိုင်တယ်ဆိုပြီး သံရုံးက ကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက် အလုပ်သမား နှစ်သောင်းကျော်ဟာ သံရုံးကို စာရင်းပေးပို့ထားကြတယ်ပါတယ်။

လက်ရှိအချိန်ထိတော့ မလေးရှားရောက်မြန်မာလုပ်သားတွေကို ပြန်လည်ခေါ်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။ လူဦးရေ သိန့်နဲ့ချီရှိနေတာကြောင့် အားလုံးနေထိုင်စားသောက်ရေးအတွက်ကို သံရုံးဘက်ကလည်း အကူအညီအပြည့်အဝမပေးနိုင်တာကြောင့် ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့တွေကပဲ တက်နိုင်သလောက် ပံ့ပိုးမှုတွေလုပ်ဆောင်ပေးလျှက် ရှိနေပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က