အပြီးပြန်လာလိုသူများသူ ပြန်ခေါ်မှာ ဖြစ်ပြီး ခေတ္တအလည်ပြန်လာလိုသူတွေ မပါဝင်ဘူးလို့သိရပါတယ်။

မလေးရှားကနေ မြန်မာကို အပြီးပြန်လာလိုသူတွေသာ အကျုံးဝင်မှာ ဖြစ်ပြီး ခေတ္တ/အလည်ပြန်လာလိုသူများ မပါဝင်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

COVID-19ကာလအတွင်း နိုင်ငံအသီးသီးမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို အထူးလေယာဥ်နဲ့ ပြန်ခေါ်ဖို့ အစိုးရက စီစဥ်နေရာမှာ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကိုလည်း ပြန်ခေါ်ဖို့ စီစဥ်နေပါပြီ။



အခုလို မလေးရှားမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ မြန်မာနိုင်ငံကို အပြီးပြန်လာလိုသူများသာ အထူး အစီအစဥ်နဲ့ ပြန်လည်ခေါ်ဆောင်ပေးမှာ ဖြစ်ပြီး ခေတ္တအလည်ပြန်လိုသူများ မပါဝင်ဘူးလို့လည်း မြန်မာသံရုံး၊ ကွာလာလမ်ပူက သတင်းထုတ်ပြန်ထားပါတယ်။

“တစ်ကမ္ဘာလုံးက ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်မှာဆိုတော့ သူတို့ အစီအစဥ်ကို စနစ်တကျဖြစ် အောင်စီစဥ်နေပါတယ်။ အစောပိုင်းပြန်ခေါ်ဖို့ သတင်းထုတ်ပြန်တဲ့အထဲမှာတောင် မလေးရှားမပါလို့ အံ့သြနေခဲ့ တာ ဒီနေ့မှာတော့ မလေးရှားလည်း ပါလာပြီလို့ သတင်းထုတ်ပြန်ချက်ထွက်လာပါပြီ။ မလေးရှားမှာ အလုပ်သမား သိန်းနဲ့ချီရှိပေမယ့်လည်း တကယ်ပြန်လာနိုင်မယ့် အရေအတွက်ကတော့ ထောင်ဂဏန်းလောက်ပဲ ရှိမယ်ထင် တယ်။သူတို့ ပြန်လာရင် Quarantine ထားရှိဖို့ အခက်အခဲသာမက လေယာဥ်နဲ့ပြန်မှ ဖြစ်မှာ ဖြစ်တဲ့အတွက် ထိုင်း လောက်မလွယ်ကူနိုင်ဘူး။ထိုင်းက နယ်စပ်ကတဆင့် ပြန်လာလို့ရနေတဲ့အတွက် လေယာဥ်ကိစ္စစိတ်ပူစရာမလို ဘူး။တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြန်ခေါ်ပေးဖို့ စီစဥ်နေတာ ဖြစ်လို့ အနည်းငယ်တော့ ကြန့်ကြာမှုလေးတွေ ရှိ နိုင်ပါတယ်။”လို့ ပြည်ပရောက်မြန်မာအလုပ်သမားများအေဂျင်စီအဖွဲ့ချုပ်မှ မန်းနေးဂျင်းဒါရိုက်တာ ဦးထွန်းမင်း လတ်က Duwun ကိုသုံးသပ်ပြောပြပါတယ်။

မလေးရှားကနေ မြန်မာနိုင်ငံကို အပြီး ပြန်လာလိုသူများအနေနဲ့ မြန်မာသံရုံး၊ကွာလာလမ်ပူမြို့ရဲ့ အီးမေးလ်လိပ်စာ ဖြစ်တဲ့ myanmarembassykl@gmail.com ကို ထုတ်ပြန်ချက်မှာပါရှိတဲ့ အချက်အလက်များ ပေးပို့ပြီး စာရင်း ပေးထားရမယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ မြန်မာအစိုးရဖက်က အမေရိကန်၊ ဂျပန်၊တောင်ကိုရီးယား၊စင်ကာပူ၊ထိုင်း၊အိန္ဒိယ၊ အီဂျစ်၊ ဆူဒန်၊ တူရကီ၊မော်ရို ကို၊အယ်ဂျီးရီးယားနဲ့ အီရတ်နိုင်ငံတို့မှာရောက်နေတဲ့ နိုင်ငံသားတွေကိုလည်း သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်း တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး ပြန်လည်ခေါ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။

ပြည်ပက ပြန်ရောကလာသူတွေကတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ သတ်မှတ် နေရာတွေမှာ Quarantine ၂၁ ရက်နဲ့ နေအိမ်မှာ ၇ရက် စုစုပေါင်း ၂၈ရက် သီးသန့် စောင့်ကြည့် နေထိုင်ရပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က