ဇွန်လ ၂၇ ရက်မှာလည်း မလေးရှားရောက် မြန်မာနိုင်ငံသား ၁၇၀ ကျော် ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ဝင်လာမှာပါ။

မလေးရှားနိုင်ငံက အကျဉ်းထောင်စခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၃၂၂၁ ဦးကို ပြန်လည်ခေါ်ယူမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။

အဆိုပါ ထိန်းသိမ်းခံ မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဖမ်းဆီးခံထားရတာဖြစ်ပြီး သူတို့ကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခေါ်ဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံက Duwun ကိုပြောပါတယ်။



“ အရင်တစ်ခေါက်တုန်းက မလေးရှားအစိုးရအစီအစဉ်နဲ့ ထိန်းသိမ်းခံမြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ပြန်ခေါ်ခဲ့ဖူးတယ်။ အခုတစ်ခေါက်မှာလည်း ထိန်းသိမ်းခံ မြန်မာတွေကို ဘယ်လို ပုံစံနဲ့ ပြန်ခေါ်မလဲဆိုတာကိုတော့ မြန်မာအစိုးရဘက်က စီစဉ်နေပါတယ်” လို့ ဦးအောင်ကျော်ဇံက ဆိုပါတယ်။

မနက်ဖြန် ဇွန်လ ၂၇ ရက်မှာလည်း မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၇၀ ကျော်ဟာ အစိုးရရဲ့ ကယ်ဆယ်ရေးလေယာဉ်အစီအစဉ်နဲ့ ပြန်ဝင်လာဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေကိုလည်း လာမယ့် ဇူလလဆန်းပိုင်းလောက်မှာ ပြန်လည်ခေါ်ယူနိုင်ဖို့ အတွက် ပြင်ဆင်နေပြီလို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက နေသိရပါတယ်။ လက်ရှိမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးအနေနဲ့ အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို သက်သေခံကတ်ပြားထုတ်ပေးနိုင်ဖို့ အတွက် လျှောက်လွှာပုံစံတစ်ခုကို ဇွန်လ ၂၃ ရက်နေ့က ကြေညာခဲ့ပါတယ်။

နေရပ်ပြန်လိုတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သားတွေအနေနဲ့ ကိုယ်ရေးအချက်အလက်၊ ဖုန်းနံပါတ် အပြည့်အစုံရေးသားပြီး သံရုံးကို လျှောက်လွှာပုံစံတွေ ပေးပို့ရမှာဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်ပြီး ကိုဗစ်ဂယက်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားခဲ့ရတဲ့ မြန်မာနိုင်ငံသားအချို့ဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ လူမူရေးပြဿနာတွေကြောင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုဟာ မေလကုန်ပိုင်းကနေ ဇွန်လ ၂၁ ရက်အထိ သေဆုံးသူ ၈ ဦးအထိ ရှိခဲ့တယ်လို့လည်း မလေးရှားနိုင်ငံ၊ ကပုန်းနာရေးကူညီမှုအသင်းကနေ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က