မေလ (၇)ရက်နေ့ကနေ ဇူလိုင်လ (၁၁)ရက်နေ့အထိ (၉)ဦးသေဆုံးခဲ့တာပါ။

မလေးရှားမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေက COVID ကာလအတွင်းမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့အတွက် နေထိုင်စားသောက်မှုအခက်အခဲတွေများစွာကြုံတွေ့နေရတာကြောင့် ကိုယ့်ကိုကိုယ်အဆုံးစီရင် သတ်သေသူက (၉)ဦးအထိရှိလာပြီ ဖြစ်ပါတယ်။ 

အဆုံးစီရင်သွားတဲ့ မြန်မာလုပ်သားတွေက မလေးရှားမှာ တရားမဝင်အလုပ်လုပ်ကိုင်နေကြတဲ့သူတွေဖြစ်ပြီး COVID ကာလမှာတော့ နေ့စဉ် နေထိုင်စားသောက်ရေးတွေမှာ အခက်ကြုံတွေ့နေကြရတဲ့အတွက် စိတ်ဖိစီးမှုတွေကြောင့် အခုလိုတွေ လုပ်သွားကြတယ်လို့ မလေးရှားရောက် မြန်မာလုပ်သားတွေအရေးကူညီဆောင်ရွက်ပေးနေတဲ့ ကပုန်းနာရေးကူညီမှုအသင်း ဥက္ကဌ ဦးစန်းဝင်းက Duwun ကိုပြောပါတယ်။



“ လက်ရှိအချိန်ထိတော့ သေဆုံးသူက (၉)ဦးရှိသွားပြီ။ နောက်ဆုံးသတ်သေသွားတဲ့သူဆို အသက်(၂၀)ကျော်လူငယ်တစ်ဦးပဲရှိသေးတယ်။ အခုလိုချိန်မှာ အလုပ်ကလည်းမရှိဘူး။ ဒီမှာကလည်း နေထိုင်စားသောက်ရတာတွေကမလွယ်၊ ကိုယ်တိုင်လည်းဒီမှာအခက်ကြုံတွေ့နေသလို နောက်ပိုင်းကကျန်ခဲ့တဲ့ မိသားစုကိုလည်းမထောက်ပံ့နိုင်ကြတော့။အဲတော့ စိတ်ဖိစီးမှုတွေရှိကြတာပေါ့။ ကျွန်တော်တို့ပရဟိတအသင်းတွေဘက်ကလည်း တက်နိုင်သလောက်တော့ကူညီမှုတွေပေးနေပါတယ်”လို့ ဦးစန်းဝင်းကပြောပါတယ်။

မေလ (၇)ရက်နေ့ကနေ ဇူလိုင်လ (၁၁)ရက်နေ့အထိ သေဆုံးသူ (၉)ဦးရှိခဲ့ပါတယ်။ ဇူလိုင်လ (၁၁)ရက်နေ့က နောက်ဆုံးသတ်သေခဲ့သူက အသက် (၂၀) ကျော်အရွယ် လူငယ်တစ်ဦးသာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မလေးရှားနိုင်ငံမှာ မြန်မာလုပ်သား ငါးသိန်းခန့်ရှိတဲ့အနက် ၂ သိန်းကျော်ဟာ တရားမဝင် မြန်မာလုပ်သားတွေဖြစ်ပါတယ်။ 

နေရပ်ပြန်ဖို့ အခက်အခဲကြုံနေတဲ့ မလေးရှားရောက် တရားမဝင် မြန်မာအလုပ်သမားတွေကို အစိုးရက ပြန်ခေါ်ဖို့ ဇွန်လ ၂၃ ရက်က စတင်ကာ လျှောက်လွှာတွေ ပေးပို့နိုင်တယ်ဆိုပြီး သံရုံးက ကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက် အလုပ်သမား နှစ်သောင်းကျော်ဟာ သံရုံးကို စာရင်းပေးပို့ထားတယ်လို့သိရပြီး လက်ရှိအချိန်ထိတော့ မလေးရှားရောက်မြန်မာလုပ်သားတွေကို ပြန်လည်ခေါ်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။






ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က