ပုဂ္ဂလိကဆေးရုံမှ အကူသူနာပြုတစ်ဦးလည်း ရောဂါကူးစက်ခံထားရပါတယ်။

မြင်းခြံပိုးတွေ့လူနာအမှတ်(၇၈၈) နဲ့ထိတွေ့ခဲ့တဲ့ မြင်းခြံမြို့ကအမျိုးသား ၈ ဦးမှာ ဒီကနေ့ရောဂါပိုးစစ်ဆေးတွေ့ရှိရလို့ ၎င်းတို့နဲ့ဆက်စပ်သူ တွေကိုလည်း Quarantine ထားရှိသွားဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားလွှတ်တော်အမတ်ဦးအောင်မျိုးလတ်က Duwun ကို ပြောပါတယ်။

"ကျွန်တော်သိရသလောက်တော့ ၈ဦးစလုံးက အမျိုးသားချည်းပါပဲ၊ ကျန်းမာရေးအခြေအနေလည်း ၈ဦးစလုံးကပုံမှန်ပါပဲ၊ အခုလောလောဆယ် မြင်းခြံခရိုင်ဆေးရုံကြီးမှာပါ Quarantine Center ကနေ ည ၈ နာရီလောက်က ဆေးရုံကြီးကိုခေါ်သွားပါပြီ" လို့ ၎င်းကပြောပါတယ်။ ရောဂါပိုးကူးစက်ခံရတဲ့အဲဒီအမျိုးသား၈ဦးနဲ့ထိတွေ့ခဲ့သူတွေရှိတယ်လို့လည်းသိရပြီး အဲဒီလူတွေကို အသွားအလာကန့်သတ်စောင့်ကြည့်မယ့်နေရာဆီကို ပို့ဆောင်ဖို့လည်း ပြင်ဆင်နေတယ်လို့သိရပါတယ်။



"အဲဒီ ၈ယောက်နဲ့ Contact Person တွေကိုထားမယ့်နေရာ စီစဉ်ထားပြီးပါပြီ၊ ဒီ၈ဦးနဲ့တွေ့တဲ့ Contact Person ပေါ့ဗျာ၊ Primary Contact ပေါ့၊ ဘယ်နှစ်ယောက်ရှိလည်းဆိုတော့ နည်းနည်းများတယ်လို့ပဲပြောလို့ရပါသေးတယ်" လို့လည်း ၎င်းကပြောပါတယ်။မြင်းခြံပိုးတွေ့လူနာ အမှတ်(၇၈၈) က ပြီးခဲ့တဲ့သြဂုတ်လ ၃၀ ရက်နေ့က မြင်းခြံမြို့ကနေ မန္တလေးမြို့ဆီကိုဆေးကုဖို့ရောက်လာတဲ့ အသက် ၄၇ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းဟာ မန္တလေးမြို့ကပုဂ္ဂလိကဆေးရုံတစ်ခုကနေတစ်ဆင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဆီလွှဲပြောင်းကုသမှုခံယူနေရင်း မသင်္ကာလို့ဆေးစစ်ခဲ့တာကနေ ပိုးတွေ့ကြောင်းသိခဲ့ရပါတာပါ။

၎င်းနဲ့ထိတွေ့ခဲ့တဲ့ဇနီးဖြစ်သူနဲ့သားဖြစ်သူ၊ ၎င်းနဲ့ထိတွေ့ခဲ့တယ်လို့ဆိုတဲ့မြင်းခြံမြို့ကအမျိုးသားတစ်ဦးတို့လည်း ရောဂါကူးစက်ခံထားရသလို ၎င်းဆေးကုသွားပြခဲ့တဲ့ပုဂ္ဂလိကဆေးရုံကအကူသူနာပြုတစ်ဦးလည်း ရောဂါကူးစက်ခံထားရလို့ မန္တလေးကန်တော်နဒီဆေးရုံမှာ ကုသမှုပေးထားရတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က