ကန်တော်နဒီဆေးရုံဆီကိုပို့ဆောင်ထားတယ်လို့သိရပြီး ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ ကောင်းမွန်တဲ့အခြေအနေဖြစ်ပါတယ်

မြင်းခြံကပိုးတွေ့လူနာ လူနာအမှတ် ၇၈၈ ဆေးခန်းသွားပြခဲ့တဲ့ဆေးရုံက အသက် ၂၁ နှစ်အရွယ်သူနာပြုအကူမိန်းကလေးတစ်ယောက် ဒီကနေ့ ကိုဗစ်ရော ဂါကူးစက်ခံရကြောင်း ဓာတ်ခွဲအတည်ပြုအဖြေထွက်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနအတည်ပြုချက်အရသိရပါ တယ်။

မြင်းခြံကပိုးတွေ့လူနာဝင်ပြခဲ့တဲ့မင်္ဂလာဆေးရုံကပါ၊ ဆေးရုံကနေ Quarantine ဝင်ထားသူတွေအထဲကမှတွေ့ခဲ့တာပါ၊ အသက် ၂၁ နှစ်အရွယ် သူနာပြုအကူမိန်းကလေးပါ" လို့ တိုင်းကျန်းမာရေးဦးစီးမှူး ဆရာဝန်ကြီးဒေါက်တာသန်းသန်းမြင့်ကပြောပါတယ်။ လက်ရှိမှာတော့ ၎င်းကို ကန်တော်နဒီဆေးရုံဆီကိုပို့ဆောင်ထားတယ်လို့သိရပြီး ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ ကောင်းမွန်တဲ့အခြေအနေဖြစ်ပါ တယ်လို့လည်း ဆရာဝန်ကြီးကပြောပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လ ၃၀ ရက်နေ့က မြင်းခြံမြို့ကနေ မန္တလေးမြို့ကိုဆေးကုဖို့ရောက်လာတဲ့ အသက် ၄၇ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ မန္တလေး မဟာအောင်မြေမြို့နယ်ထဲက မင်္ဂလာဆေးရုံဆီဝင်ရောက်ပြသတာမှာ ဆေးရုံက သံသယလူနာအဖြစ်နဲ့ချက်ချင်းပဲ မန္တလေးအထွေထွေရောဂါကုဆေးရုံ ကြီးဆီလွှဲပြောင်းပေးခဲ့ပါတယ်။



လူနာဟာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဆီမှာလည်း သီးသန့်စောင့်ကြည့်လူနာအဖြစ်နဲ့ ဓာတ်ခွဲနမူနာစစ်ဆေးကြည့်ရာမှာ ကိုဗစ်ရောဂါပိုးတွေ့ရလို့ သြဂုတ်လ ၃၁ ရက်နေ့ညမှာပဲ ကန်တော်နဒီဆေးရုံဆီလွှဲပြောင်းပေးခဲ့ပြီး ၎င်းနဲ့ထိတွေ့သူတွေကို ရောဂါပိုးရှိမရှိစစ်ဆေးတာမှာတော့ မနေ့က ၎င်းရဲ့ ဇနီးဖြစ်သူနဲ့သားဖြစ်သူအပါအဝင် လူ ၃ ဦး ရောဂါကူးစက်ခံရကြောင်း၊ ဒီကနေ့မှာတော့ အဆိုပါသူနာပြုအကူမိန်းကလေး ရောဂါပိုးကူးစက်ခံရကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က