အသက်(၃၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးပါ။
Ei Ei Htun

မရမ်းကုန်းမြိုနယ်မှာ ဒီကနေ့မနက်ပိုင်းက စားသောက်ဆိုင်အတွင်းဝင်ပြီး အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓားနဲ့ထိုးသတ်မှုဖြစ်ပွားခဲ့ပါတယ်။ 

ဓားနဲ့အထိုးခံရတဲ့ အမျိုးသမီး ကဆိုင်ပိုင်ရှင်ရဲ့ ချွေးမဖြစ်ပြီး ဆိုင်အတွင်းအလုပ်လုပ်နေစဉ်အတွင်းမှာ ဓားနဲ့ဝင်ရောက်အထိုးခံရတာဖြစ်တယ်လို့သိရပါတယ်။



“ ဖြစ်တာက ဒီမနက်အစောပိုင်းက တရားခံလည်းမိပါတယ်။ ခုမေးမြန်းချက်အရတော့ ဘာရန်ငြိုးရန်စမှတော့မရှိဘူး။ အရင်ကလည်း သူတို့နဲ့ ရင်းနှီးတဲ့သူလို့ပြောတာပဲ။ ဓားထိုးခံရတဲ့အမျိုးသမီးကတော့ ဆုံးသွားတယ်။ ရင်ဘတ်ကို နှစ်ချက်ဆက်ထိုးမိတာဆိုတော့ “လို့ မရမ်းကုန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက Duwun ကို ပြောပါတယ်။

ဓားနဲ့ထိုးခံရတဲ့ အမျိုးသမီးက အသက် (၃၄)နှစ်အရွယ်ဖြစ်ပြီး ရရှိတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံကိုပို့ဆောင်စဉ်အတွင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

တရားခံက ကျပန်းအလုပ်သမားတစ်ဦးဖြစ်ပြီး သေဆုံးခဲ့နဲ့ အမျိုးသမီးယောကျာ်းနဲ့လည်း ဘောလုံးတူတူကန်ဖူးသလို မိသားစုနဲ့လည်း ဘုရားဖူးတူတူလိုက်ဖူးတယ်လို့ဆိုပါတယ်။

ယခင်ကလည်း ဘာပြဿနာမှဖြစ်ထားတာမျိုးမရှိဘဲ လက်ရှိထွက်ဆိုချက်အရ လူမှားပြီး ထိုးမိတာဖြစ်တယ်လို့ သိရပါတယ်။ တရားခံအမျိုးသားကိုတော့ ဘုရင့်နောင်ရဲစခန်းမှာ လူသတ်မှုနဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၀၂)နဲ့ ဖမ်းဆီး အမှုဖွင့် စစ်ဆေးလျက်ရှိပါတယ်။



ဆက်စပ်အကြောင်းအရာများ


Author

  • Ei Ei Htun

    Content Writer/Reporter


က္က