အမြန်လမ်း ၁မိုင် ၊ ၁ဖာလုံက ဓမ္မရံသီ မိုးကုတ်ကျောင်းမှာ ပြုလုပ်ထားတာဖြစ်ပါတယ်။

ယခု ရက်ပိုင်းမှာ ပြည်ပကနေ ပြန်ရောက်လာမယ့် မြန်မာသင်္ဘောသားတွေများတာကြောင့် သင်္ဘောသားတွေကို ထားဖို့ Facility Quarantine စင်တာတစ်ခုကို အမြန်လမ်းမှာ ပြုလုပ်ထား တယ်လို့ မြန်မာသင်္ဘောသားတွေနဲ့ဖွဲ့စည်းထားတဲ့ Sea Rangers အဖွဲ့ထံက စက်တင်ဘာ ၃ နေ့မှာ သိရပါတယ်။

ဒီ Facility Quarantine စင်တာမှာ ပြည်ပကနေ ပြန်လည်ဝင်ရောက်လာမယ့် မြန်မာသင်္ဘောသား အယောက် ၂၅၀ ကို ကွာရန်တင်းထားနိုင်မှာဖြစ်ပြီး ကွာရန်တင်းစင်တာကို မနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ လက်ရှိမှာ ကွာရန်တင်းဝင်ရောက်မယ့်သူ ၂၀၀ ဝန်းကျင်ရှိနေပြီလို့ Sea Rangers အဖွဲ့က ထုတ်ပြန်မှုအရ သိရပါတယ်။



" ပြန်လာမယ့်သင်္ဘောသားတွေက ကယ်ဆယ်ရေးလေယာဉ်နဲ့ပြန်ခွင့်ရဖို့က ခက်တယ်။Charter Flight နဲ့လိုက်လာမယ်ဆိုတော့လည်း ကွာရန်တင်းစခန်းဝင်ဖို့နေရာက မလုံလောက်ဘူး။ ပြည်ပကနေပြန်လာမယ့် မြန်မာသင်္ဘောတွေအနေနဲ့ ကွာရန်တင်းဝင်ဖို့ နေရာအခက်ခဲရှိနေတဲ့အတွက် ခုလိုစီစဉ်လိုက်တာပါ ။လူ ဦးရေ များလာရင်နောက်ထပ် ဖွင့်မယ့် နေရာ တွေလည်း ရှိပါတယ်။ "လို့ Sea Rangers အဖွဲ့မှ ဥက္ကဠ ဦးစန်းထိုက်က  ပြောပါတယ်။

ဓာတ်ပုံ - Sea Rangers

မြန်မာသင်္ဘောသားတွေအတွက် ကွာရန်တင်းစင်တာကို အမြန်လမ်း၁မိုင် ၊၁ဖာလုံက ဓမ္မရံသီ မိုးကုတ်ကျောင်းမှာ ပြုလုပ်ထားတာဖြစ်ပြီး ကွာရန်တင်းဝင်ရောက်လာမယ့်သူတွေအားလုံး အတွက် မွေ့ယာ၊အိပ်ယာမှစ ထမင်းစရိတ် ၊ PPE အစရှိတဲ့ ကျန်းမာရေးအသုံးအဆောင် အားလုံးအပါအဝင် ကုန်ကျစရိတ်အားလုံးကို Sea Rangers အဖွဲ့မှ အစအဆုံးတာဝန်ယူသွားမှာဖြစ်ပါတယ်။

" နိုင်ငံတော်ရဲ့ ဝန်ထုပ်ဝန်ပိုးကို ပေါ့အောင် ကူပြီး ထမ်းပေးတဲ့သဘောပါ။ သင်္ဘောသားသီးသန့်ဆိုပြီး လုပ်တာမျိုးတော့မဟုတ်ဘူး ။အကြောင်းတိုက်ဆိုင်တော့ ဒီရက်ပိုင်းဝင်လာတဲ့လူဦးရေနဲ့ ဒီစင်တာရှိနေတဲ့အချိန်ပေါ့၊ တချို့လည်း ဟိုတယ်သွားသူက သွားနေဦးမှာပဲ။ FQ ဝင်မယ့်သူတွေအတွက် နိုင်ငံတော်က ကုန်ကျမယ့်ပိုက်ဆံကို သက်သာအောင် ကျနော်တို့က ဝင်ထမ်းလိုက်တာပေါ့။ နိုင်ငံတော်စီမံမှုနဲ့ပဲသွားတာပါ။ "လို့ Sea Rangers အဖွဲ့အတွင်းရေးမှူး ဦးဇင်ဖြိုးထိုက်ကပြောပါတယ်။

  Quarantine ကာလ (၂၁)ရက် နေထိုင်ရမှာ ဖြစ်ပြီး Quarantine center မှာ နေထိုင်စဉ်  အရက် ၊ဆေးလိပ် ၊ကွမ်းယာ သုံးစွဲခွင့်မရှိဘဲ Social Distancing ကို တိကျစွာလိုက်နာဖို့လိုအပ်တယ်လို့ သိရပါတယ်။

ယခု ဖွင့်လှစ်ထားတဲ့ အမြန်လမ်း ကွာရန်တင်းစခန်းကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဒေါ်မိုးမိုးစုကြည်က စီစဉ်ပေးထားတာဖြစ်တယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က