အမျိုးမျိုးနှိပ်စက်ခဲ့တာဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာ အိမ်အကူအဖြစ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးကို စင်ကာကူက လင်မယားနှစ်ယောက်ကိုနှိပ်စက်ခဲ့မှုအတွက်အပြစ်ရှိတယ်ဆိုပြီး ခရိုင်တရားရုံးက ဇန်နဝါရီလ ၁၈ ရက်နေ့က အမိန့်ချလိုက်ပါတယ်။



Photo - The Strait Times

မြန်မာအိမ်အကူ မဖြူဖြူမာကို ဓါတုပစ္စည်းတွေပါဝင်တဲ့ ကြမ်းတိုက်ဆေးရည်တွေ သောက်ခိုင်းမှု၊ ကိုယ့်ကိုကိုယ် ရေနွေးပူနဲ့ လောင်းခိုင်းမှုအပါအဝင် အခြားနှိပ်စက်မှု ၅ခုနဲ့ အိမ်ရှင်စင်ကာပူအမျိုးသမီးဖြစ်သူ Linda Seah ကို တရားရုံးက အပြစ်ရှိတယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ။

ဒါ့အပြင် အဲ့ဒီအမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူ Lim Toon Leng ဆိုသူကိုလည်း မဖြူဖြူမာကို လက်သီးနဲ့ ၂ ချက်ထိုးမှုအတွက် ကိုယ်ထိလက်ရောက် နာကျင်စေမှုတစ်ခုနဲ့ အပြစ်ရှိတယ်ဆိုပြီး တရားရုံးက ဆုံးဖြတ်ခဲ့တာကို The Strait Times သတင်းစာမှာ ဖော်ပြပါရှိပါတယ်။

နှိပ်စက်မှုတွေဟာဆိုရင် မဖြူဖြူမာ နေမကောင်းတာကို ဆေးခန်းမပို့တာတွေ၊ ဆံပင်တွေ ကျွတ်ထွက်တဲ့ အထိ ဆွဲဆောင့်တာ၊ ကြမ်းပြင်နဲ့ ခေါင်းကို အကြိမ်ပေါင်းများစွာရိုက်ခဲ့တာတွေရှိတယ်လို့ မဖြူဖြူမာက တရားရုံံးမှာ ထွက်ဆိုခဲ့ပါတယ်။

တရားသူကြီးကလည်း အဲ့ဒီစင်ကာပူအိမ်ရှင်လင်မယားဟာ သဘောကောင်းချင်ယောင်၊ နားလည်မှုရှိယောင်ဆောင်နေတာဟာဖြစ်ပြီး တကယ်တမ်းလုပ်ခဲ့မှုတွေအတွက် အပြစ်ရှိတယ်လို့ဆုံးဖြတ်ပြီး လာမယ့် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အမိန့်ချမယ်လို့ ပြောခဲ့ပါတယ်။

၂၀၁၆ အောက်တိုဘာ ၁၅ ရက်နေ့က အဲ့ဒီစင်ကာပူလင်မယားရဲ့အိမ်ကို ရဲတွေကို ဝင်ရောက်ရှာဖွေခဲ့ပြီး မဖြူဖြူမာကိုကယ်ထုတ်ခဲ့ရတာဖြစ်ပါတယ်။ ကယ်ထုတ်ပြီးနောက် ၆ ရက်အထိ Khoo Teck Puat ဆေးရုံမှာ တက်ရောက်ကုသခဲ့ရတယ်လို့ The Strait Times သတင်းမှာဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က