Photo - The Straits Times
မြန်မာအိမ်အကူ မဖြူဖြူမာကို ဓါတုပစ္စည်းတွေပါဝင်တဲ့ ကြမ်းတိုက်ဆေးရည်တွေ သောက်ခိုင်းမှု၊ ကိုယ့်ကိုကိုယ် ရေနွေးပူနဲ့ လောင်းခိုင်းမှုအပါအဝင် အခြားနှိပ်စက်မှု ၅ခုနဲ့ အိမ်ရှင်စင်ကာပူအမျိုးသမီးဖြစ်သူ Linda Seah ကို တရားရုံးက ခုလိုအမိန့်ချလိုက်တာပါ။
ဒါ့အပြင် အဲ့ဒီအမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူ Lim Toon Leng ဆိုသူကိုလည်း မဖြူဖြူမာကို လက်သီးနဲ့ ၂ ချက်ထိုးမှုအတွက် ကိုယ်ထိလက်ရောက် နာကျင်စေမှုတစ်ခုနဲ့ အပြစ်ရှိတယ်ဆိုပြီး ထောင်ဒဏ် ၆ ပတ်ကျခံစေခဲ့ပါတယ်။
နှိပ်စက်မှုတွေဟာဆိုရင် မဖြူဖြူမာ နေမကောင်းတာကို ဆေးခန်းမပို့တာတွေ၊ ဆံပင်တွေ ကျွတ်ထွက်တဲ့ အထိ ဆွဲဆောင့်တာ၊ ကြမ်းပြင်နဲ့ ခေါင်းကို အကြိမ်ပေါင်းများစွာရိုက်ခဲ့တာတွေရှိတယ်လို့ မဖြူဖြူမာက တရားရုံံးမှာ ထွက်ဆိုထားပါတယ်။
တရားသူကြီးကလည်း အဲ့ဒီစင်ကာပူအိမ်ရှင်လင်မယားဟာ သဘောကောင်းချင်ယောင်၊ နားလည်မှုရှိယောင်ဆောင်နေတာဟာဖြစ်ပြီး တကယ်တမ်းလုပ်ခဲ့မှုတွေအတွက် အပြစ်ရှိတယ်လို့ Channel News Asia သတင်းမှာဖော်ပြပါတယ်။
၂၀၁၆ အောက်တိုဘာ ၁၅ ရက်နေ့က အဲ့ဒီစင်ကာပူလင်မယားရဲ့အိမ်ကို ရဲတွေကို ဝင်ရောက်ရှာဖွေခဲ့ပြီး မဖြူဖြူမာကိုကယ်ထုတ်ခဲ့ရတာဖြစ်ပါတယ်။ ကယ်ထုတ်ပြီးနောက် ၆ ရက်အထိ Khoo Teck Puat ဆေးရုံမှာ တက်ရောက်ကုသခဲ့ရတယ်လို့ The Strait Times သတင်းမှာဖော်ပြထားပါတယ်။
သူတို့နေအိမ်ကိုရဲကဝင်ရှာပြီး မဖြူဖြူမာကိုလည်း Khoo Teck Puat ဆေးရုံပို့ခဲ့ပါတယ်။ မဖြူဖြူမာဟာ ဆေးရုံမှာ ၆ ရက် တက်ရောက် ကုသခဲ့ ရပါတယ်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီကနေ အောက်တိုဘာလအတွင်း အလုပ်လုပ်ခဲ့တဲ့လစာကိုလည်း မပေးတာကြောင့် စင်္ကာပူ ပြည်သူ့အင်အား ဦးစီး ဌာနက ဝင်ရောက်ဖြေရှင်းလို့ အဲဒီနှစ် နိုဝင်ဘာလကျမှ လခကို အပြည့်ပြန်ရ တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။