တိုင်းရင်းသားရိုးရာအစားအသောက်တွေ၊ အပြင် ဆိုင်ခန်းပေါင်း ၁၀၀ ကျော်က ပါဝင်ရောင်းချသွားမှာဖြစ်ပါတယ်။
Aye Myat Mon
မြန်မာနိုင်ငံမှ အကြီးဆုံး လက်ဖက်ပန်းကန်ကြီးနဲ့ တည်ခင်းဧည့်ခံမယ့် Duwun Food Carnival 2019 ကို လာမယ့် မတ်လ ၃၀ နဲ့ ၃၁ ရက်နေ့မှာ ပြည်သူ့ရင်ပြင်ကွင်းအမှတ် (၂) (ပြည်လမ်းဝင်ပေါက်)မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

တတိယအကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ အခုနှစ် Duwun Food Carnival မှာ ပထမဆုံးအနေနဲ့ KBZ Pay ကို အသုံးပြုပြီးတော့ ငွေသားကိုင်ဆောင်ဖို့မလိုတဲ့ ငွေရှင်းစနစ်နဲ့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။



“ ကျွန်တော်တို့ အနေနဲ့ KBZ Pay အကောင့်ဖွင့်ပြီးတော့ အဲ့ဒီကနေ ငွေရှင်းလို့ရမယ်။ ကွန်နက်ရှင်အတွက်လည်း စိတ်ပူစရာမရှိအောင် 5BB နဲ့ ပူးပေါင်းသွားမှာဖြစ်ပါတယ်။ Duwun Food Carnival မှာ အကောင့်ဖွင့်ပြီးတော့လည်း ငွေရှင်းနိုင်သလို ဘဏ်ခွဲတွေမှာလည်း အကောင့်ဖွင့်လို့ရပါတယ် ” လို့ KBZ ဘဏ်မှ Agent Banking Department က အထွေထွေမန်နေဂျာ ဦးစိုးကိုကိုက ပြောပါတယ်။

Duwun Food Carnival မှာ နာမည်ကျော် စားသောက်ကုန်လုပ်ငန်းတွေ၊ တိုင်းရင်းသားရိုးရာအစားအသောက်တွေပါဝင်တဲ့ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်က ပါဝင်ရောင်းချသွားမှာဖြစ်ပါတယ်။ စတုဒီသာ၊ အနုပညာရှင်တွေရောင်းချမယ့် ဆယ်လီဈေးတန်း၊ လူကိုယ်တိုင် အရုပ်ကောက်လို့ရမယ့် Food Claw Machine အပြင် ခြောက်ပေကျော်ရှည်လျားတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး လက်ဖက်ပန်းကန်ကြီးကိုပါ ပြင်ဆင်ပြသမယ်လို့ သိရပါတယ်။

“အစားအသောက်နဲ့ပျော်ရွှင်မှုဆိုတဲ့ ဘဝရဲ့ အကောင်းဆုံးအရာနှစ်ခုကို ချစ်မြတ်နိုးသူတွေ ပေါင်းစည်းမိဖို့ အိုင်ဒီယာနဲ့ ကျင်းပတာပါ။ အစားအသောက်မှာ လမ်းသစ်တီထွင်ရုံတင်မကဘဲနဲ့ မိသားစုဆန်တဲ့ နွေးထွေးမှုနဲ့ ဒီပွဲတော်ကို အသက်သွင်းနိုင်ခဲ့ပါတယ် ” လို့ Duwun က အထွေထွေမန်နေဂျာ Mr.Jesse က ပြောပါတယ်။

ဂျပန်နိုင်ငံက ဖျော်ဖြေတင်ဆက်သူတွေပါဝင်မယ့် အစီအစဉ်တွေအပြင် လူကိုယ်တိုင်ပါဝင်ပြီး အစားအစာကောက်ယူနိုင်မယ့် အစီအစဉ်တွေလည်း ပါဝင်မှာပါ။ ဖျော်ဖြေမှုအစီအစဉ်တွေအဖြစ် Project-K ၊ ကောင်းကောင်း၊ ကျော်ဇင်မင်း၊ Key ၊ အုပ်စိုးခန့်၊ အေသင်ချိုဆွေ၊ ကေကေမိုး၊ အပြင် အကအဖွဲ့တွေက သီဆိုဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က