ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကတောင်းဆိုခဲ့ကြောင်း ဖော်ပြခဲ့တာပါ။
Ye Yint Htay

မြန်မာနိုင်ငံကို စီးပွားရေးအရပိတ်ဆို့အရေးယူဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့ပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအပေါ်နိုင်ငံတကာမှစီးပွားရေးကန့်သတ်ပိတ်ဆို့မှုများပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကပန်ကြားခဲ့ကြောင်းပါဝင်ခဲ့တာပါ။ ဒီဖြစ်စဉ်အတွက် မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ခေါ်ယူတွေ့ဆုံခဲ့ပြီး ကန့်ကွက်မှုလုပ်ခဲ့ပါတယ်။ 



တွေ့ဆုံဆွေးနွေးမှုမှာ အမြဲတမ်းအတွင်းဝန်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာနက မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ စီးပွားရေး ကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပန်ကြားခဲ့ကြောင်း ထည့်သွင်းဖော်ပြချက်အပေါ်စိတ်ပျက်မိကြောင်း၊ နှစ်နိုင်ငံ အရေးကိစ္စများကို ဖြေရှင်း ရေးတွင် အထောက်အကူ မပြုနိုင်သည့် ဘင်္ဂလားဒေ့ရှ်၏ မလိုမုန်းထား လုပ်ရပ်များကို ကန့်ကွက်ကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း နှစ်နိုင်ငံအနေဖြင့် ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းခြင်းဖြင့်သာ နေရပ်စွန့်ခွာသူများအရေး ပြဿနာကို ဖြေရှင်းရာတွင် ရေရှည်အဖြေကို ရရှိစေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန Facebook Page မှာဖော်ပြထားပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်ရေးရာကိစ္စရပ်များ၊ နေရပ်စွန့်ခွာသူများအရေးတို့ကိုလည်း နှစ်နိုင်ငံသဘောတူထားတဲ့အချက်တွေအတိုင်းတိကျစွာအကောင်အထည်ဖော်ရန်လည်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ကိုဗစ်ကာလအတွင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာနိုင်ငံဘက်ကို ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ကတဆင့်ခိုးဝင်လာသူတွေလည်းရှိနေပြီး ရောဂါပိုးတွေ့ရှိထားသူ ၁၅ဦးရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author

  • Ye Yint Htay

    Producer/Editor (Duwun Sports)


က္က