မြန်မာ ကျန်းမာရေးဝန်ထမ်းတွေကို စေလွှတ်ပညာသင်ယူစေမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆေးဝါးတက္ကသိုလ်နဲ့ တောင်ကိုရီးယာနိုင်ငံ ချောင်အမ်း တက္ကသိုလ်တို့အကြား ဆေးပညာကိစ္စရပ်များပူးပေါင်းဆောင်ရွက်ဖို့အတွက် နားလည်မှုစာချွန်လွှာမှာ လက်မှတ် ရေးထိုးလိုက်ကြပြီဖြစ်ပါတယ်။







ဒီလိုလက်မှတ်ရေးထိုးလိုက်တာဟာ တက္ကသိုလ်နှစ်ခုအကြား ဆေးပညာဆိုင်ရာ ရှာဖွေတွေ့ရှိမှုတွေ၊ ရောဂါကုသရေးဆိုင်ရာတွေနဲ့ မြန်မာနိုင်ငံတဝှမ်း ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးရေးအတွက်ရည်ရွယ်တာဖြစ်တယ်လို့ ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အဂျင်စီ KOICA က တရားဝင်ကြေငြာပါတယ်။



ဒါ့အပြင် မြန်မာနိုင်ငံကနေ ကျန်းမာရေး ဝန်ထမ်းတွေကို ကိုရီယားကို စေလွှတ်ပြီးတော့ ဓါတ်ခွဲခန်းနည်းပညာအဆင့်မြင့်တင်ရေးကိစ္စတွေ၊ ဆေးပညာဆိုင်ရာ သုတေသနတွေပူးတွဲလုပ်ဆောင်ဖို့တွေကို အဆင့်ဆင့်ပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။



တောင်ကိုရီးယားနိုင်ငံအနေနဲ့ လတ်တလောမှာ ဓါတ်ခွဲခန်းတစ်ခုကို မြန်မာနိုင်ငံမှာ ဆောက်လုပ်ထားပြီး ဆေးပညာသုတေသနပြုလုပ်ဖို့အတွက် ဓါတ်ခွဲခန်းပစ္စည်းတွေကိုလည်း မြန်မာနိုင်ငံအတွက် စီစဉ်ပေးပြီးဖြစ်တယ်လို့ KOICA ကသိရပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က