စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးသွားမှာပါ။
Ei Ei Htun

အိုင်ဗရီကို့စ်နိုင်ငံမှာ မြန်မာ့ဆန်တွေကို စားသုံးရန်မသင့်ဟုဆိုပြီး ဖျက်ဆီးခဲ့တဲ့ သတင်းဟာ ပြည်သူလူထုကြားထဲမှာ စိတ်ဝင်စားမှု မြင့်တက်ခဲ့တဲ့ သတင်းတစ်ခုလည်း ဖြစ်ပါတယ်။

Photo - News Day

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေနဲ့ ဖွ့ဲစည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုတွေပြုလုပ်မယ်လို့ ဧပြီလ ၂၄ ရက်နေ့မှာ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။

မြန်မာဆန်တွေ တင်ပို့မှု ဈေးကွက်ကို ထိခိုက်မှုမရှိခဲ့ဘူးဆိုတဲ့ အကြောင်းကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဧပြီ(၂၄) ရက်နေ့ကမှာ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

၂၀၁၉ခုနှစ် ဧပြီ(၁)ရက်နေ့မှ စ၍(၁၉)ရက်နေ့ထိပို့ကုန်လိုင်စင်ခွင့်ပြုထားတဲ့ မြန်မာဆန်များကို အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် (၂၇၉၉၅) တန်၊ အာရှနိုင်ငံများသို့ ဆန်တန်ချိန် (၁၁၉၀) တန်၊ ဆန်ကွဲ (၁၁၅၀) တန်၊ ဥရောပနိုင်ငံများသို့ ဆန်တန်ချိန် (၁၅၂၇၁) တန်၊ ဆန်ကွဲ (၁၉၀၁၀) တန်တို့ကို ပုံမှန်အတိုင်း ဆက်လက်တင်ပို့လျှက်ရှိတယ်လို့ အဆိုပါ သတင်းထုတ်ချက်မှာ ဖော်ပြထားပါတယ်။ အိုင်ဗရီကို့စ်နိုင်ငံ ဖျက်ဆီးခဲ့တဲ့ ဆန်တွေဟာ လွန်ခဲ့တဲ့ (၈) လလောက် မြန်မာနိုင်ငံက တင်ပို့ခဲ့တဲ့ ဆန်တွေဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်က ထုတ်ပြန်ထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


က္က