တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းအရှိန်ကြောင့်ဖြစ်ပါတယ်။

လက်ရှိတောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်း မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေတွေမှာ မိုးကြီးလာနိုင်တယ်လို့ မိုးဇလမှ သိရပါတယ်။

ဩဂုတ်လ (၃)ရက်နေ့ကစပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ယခင်ကနဲ့မတူ သိသိသာသာမိုးကောင်းလာနိုင်ပြီး ရက်ဆက်တိုက် မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။

“ တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေက မြန်မာနိုင်ငံဘက်ကိုရောက်ရှိလာနိုင်ပါတယ်။ အဲဒီတော့ အခုဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်းအရှိန်က မြန်မာနိုင်ငံကိုသက်ရောက်နိုင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာဆို ဩဂုတ် (၃)ရက်ကနေ နောက် (၃)ရက်လောက်ထိက မိုးကောင်းနိုင်လာတယ်”လို့ မိုးလေဝသညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက Duwun ကိုပြောပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာက တခြားဒေသတွေနဲ့မတူ မိုးခေါင်နေတာက အချိန်ကာလကြာမြင့်ခဲ့ပြီလို့ဆိုပါတယ်။ လက်ရှိမှာ တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ မိုးကောင်းလာနိုင်သလို ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာလည်း မုတ်သုံလေအားကောင်းလျှက်ရှိနေပါတယ်။ မုတ်သုံလေအားကောင်းလျှက်ရှိနေတဲ့အတွက် ကမ်းရိုးတန်းဒေသတွေမှာ မိုးသက်လေပြင်းသတိပြုဖို့ကိုလည်း မိုးဇလက ထုတ်ပြန်ကြေညာထားပါတယ်။


Share

Loading Next Article...
က္က