မန္တလေးမြို့နေ ကိုစိုးဝင်းမြင့်က ပထမဆုံးထိန်းသိမ်းခွင့်ရရှိခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ရှေးဟောင်းပစ္စည်းများဖြစ်တဲ့ ကျွန်းကုတင်တစ်လုံးနဲ့ သေတ္တာတစ်လုံးကို ပြည်သူတစ်ယောက်အနေနဲ့ ပထမဆုံးကိုယ်ပိုင်ထိန်းသိမ်းခွင့်ရရှိခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

 ပုဂ္ဂလိကပိုင် နှစ်သက်တမ်းပေါင်း ၁၈၀ ကျော်ရှိနေပြီဖြစ်တဲ့ ရှေးဟောင်းကျွန်းကုတင်တစ်လုံးနဲ့ရှေးဟောင်းသတ္တာတစ်လုံးကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနမှ တရားဝင်ခွင့်ပြုချက်နဲ့ မန္တလေးမြို့ကဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)ဆိုသူက တရားဝင်ကိုယ်ပိုင်ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရှိသွားပြီဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ရှေးဟောင်းပစ္စည်းတွေ ပထမဦးဆုံးကိုယ်ပိုင်ထိန်းသိမ်းစောင့်ရှောက်ခွင့်ရရှိခဲ့တာလို့သိရပြီး ကိုယ်ပိုင်ထိန်းသိမ်းခွင့်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကိုလည်း ဒီကနေ့ ဇွန်လ(၁၁)ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့ ဦးစိုးဝင်းမြင့်ရဲ့နေအိမ်မှာပြုလုပ်ခဲ့ပါတယ်။





“ ဒီရှေးဟော

င်

းပစ္စည်းနှစ်ခုကို သူ့ဘိုးဘွားပိုင်ပစ္စည်းတွေအဖြစ် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခန်းငယ်ရွာကနေ ပြီးခဲ့တဲ့လေးငါးနှစ်ခန့်ကတည်းက သူ့ရဲ့ နေအိမ်ဆီသယ်ယူခဲ့တာ” လို့ ဦးစိုးဝင်းမြင့်က ပြောပါတယ်။





သာသန

ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ရှေးဟောင်းဝတ္ထုပစ္စည်းများကာကွယ်ထိန်းသိမ်းရေးဥပဒေ ၃၁(ခ)နဲ့အညီ ကိုယ်ပိုင်ထိန်းသိမ်းခွင့်ပြုတော့မယ်ဆိုတဲ့သတင်းအရ ဦးစိုးမြင့်က ဒီရှေးဟောင်းပစ္စည်းနှစ်ခုကို ထိန်းသိမ်းခွင့်လျှောက်လွှာတင်ခဲ့တာလို့လည်းသိရပါတယ်။



ရေ

ှးဟောင်းသုတေသနဌာနက ဒီပစ္စည်းတွေကို ပညာရှင်တွေနဲ့စစ်ဆေးပြီး မှန်ကန်ကြောင်းအထောက်အထားတွေအရ ကိုယ်ပိုင်ထိန်းသိမ်းစောင့်ရှောက်ခွင့်ပေးခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ အခမ်းအနားနဲ့တစ်ကွခွင့်ပြုလက်မှတ်ပေးအပ်ခဲ့တာလို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေး)ညွှန်ကြားရေးမှူးဒေါ်စိုးစိုးဝင်းက အခမ်းအနားမှာပြောပါတယ်။ ရှေးဟောင်းပစ္စည်းတွေကို မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ထိန်းသိမ်းစောင့်ရှောက်ခွင့်တရားဝင်ခွင့်ပြုပေးနေပြီဖြစ်တာကြောင့်လည်း ပစ္စည်းပိုင်ရှင်တွေအနေနဲ့ ရှေးဟောင်းသုတေသန ဌာနမှာတရားဝင်ခွင့်ပြုလက်မှတ်တောင်းခံပြီး ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သင့်တယ်လို့ မန္တလေးမြို့ ရှေးဟောင်းသုတေသနပညာရှင်

ဦးဝင်

းမောင်က ပြောကြားခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က