ကျန်တဲ့ (၅)ဦးမှာလည်း Negative တစ်ကြိမ်စီပြထားတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ COVID ရောဂါကူးစက်ခံရမှုအများဆုံးဖြစ်တဲ့ အင်းစိန်မြို့နယ်မှာ ရောဂါကူးစက်ခံရသူ (၄၄)ဦး ရှိပြီး အဲဒီထဲက (၃၉)ဦးမှာ ရောဂါပိုးပျောက်ကင်းသွားပြီလို့ အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်က ဒီနေ့မနက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။ 

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ စာရင်းတွေ အရ အင်းစိန်မှာ ရောဂါပိုးကူးစက်ခံရသူ (၄၉)ဦးရှိတယ်လို့ သိရပြီး အင်းစိန်လွှတ်တော်အမတ် ဦးဝေဖြိုးဟန်ကတော့ အင်းစိန်နေရပ်လိပ်စာနဲ့ လူနာဦးရေ ၄၄ဦးသာရှိတယ်လို့လည်းဆိုပါတယ်။ 



(၄၄)ဦးမှာ ရောဂါပိုးပျောက်ကင်းလို့ နေအိမ်တွေကိုပြန်ခွင့်ရတဲ့သူက (၃၆)ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တဲ့ လူနာ(၃)ဦးရှိတဲ့အတွက် စုစုပေါင်းလူနာ ၃၉ဦးအထိ ရောဂါပျောက်ကင်းပြီလို့ သတ်မှတ်နိုင်ကြောင်း အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwun ကိုပြောပါတယ်။

“ တကယ်တော့ ကျွန်တော်တို့ အင်းစိန်မြို့နယ်အတွင်းမှာ ရောဂါိပိုး ကူးစက်ခံရတာက (၄၄)ဦးပဲရှိတာပါ ။ အဲဒီ (၄၄)ဦးလုံးက ပြည်တွင်းကူးစက်မှုဖြစ်သလို အင်းစိန်မြို့နယ်အတွင်းနေထိုင်တဲ့သူတွေပါပဲ။ (၄၉)ယောက်စာရင်းက အင်းစိန်ဆေးရုံမှာဆေးကုသမှုခံယူနေရင်း ရောဂါပိုးတွေ့လို့ အင်းစိန်ဆိုပြီးရေးတာတွေကြောင့်ပါ။ ခု (၄၄)ယောက်မှာ (၃၉)ယောက်က ရောဂါပိုးပျောက်ကင်းပြီးတော့ ကျန် (၅)ဦးကလည်း negativeတစ်ကြိမ်ဆီပြထားပါတယ်။ လူနာနံပတ်တွေတော့ စာရင်းအရကျွန်တော်သေချာပြောလို့မရပါဘူး”လို့ ဦးဝေဖြိုးဟန်ကပြောပါတယ်။

မေလ(၁၃)ရက်နေ့က အင်းစိန်မြို့နယ်မှာ Mask Camping ပြုလုပ်နေစဉ်မြင်ကွင်းများ

COVID ဒဏ်ကို အထိအနာဆုံးခံစားခဲ့ရတဲ့ အင်းစိန်မြို့နယ်မှာ ရောဂါကူးစက်ခံရတဲ့ လူနာအားလုံးနီးပါး ပျောက်ကင်းလာပြီဖြစ်သလို မြန်မာနိုင်ငံမှာလည်း ပြည်တွင်းကူးစက်မှုမတွေ့ရှိတော့တာ တစ်လကျော်ကြာပြီဖြစ်ပါတယ်။ ပြည်တွင်းကူးစက်မှုလည်းမတွေ့ရှိတာက အချိန်ကာလတစ်ခုကြာမြင့်လာတဲ့အခါ ပြည်သူတွေအနေနဲ့က စိုးရိမ်မှုတွေလျော့ကျလာသလို ပုံမှန်အတိုင်းသွားလာလှုပ်ရှားမှုတွေလည်းရှိနေပါပြီ။ 

အင်းစိန်မြို့နယ်အတွင်းမှာလည်း mask မတပ်ဘဲသွားလာနေမှုရှိပြီး ဆိုင်တွေလည်းပြန်ဖွင့်နေပြီဖြစ်လို့ COVID ရဲ့ ဒုတိယလှိုင်းကိုထပ်မံခံစားရမှာ စိုးရိမ်တယ်လို့ ဦးဝေဖြိုးဟန်ကပြောပါတယ်။ အင်းစိန်မြို့နယ်က မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူဦးရေ ၄၉ဦးနဲ့အများဆုံးမြို့နယ်ဖြစ်ပြီး ကရင်ပြည်နယ် ဘားအံမြို့နယ်က ၂၅ဦးနဲ့ ဒုတိယအများဆုံးမြို့နယ်ဖြစ်နေပါတယ်။

မေလ(၁၃)ရက်နေ့က အင်းစိန်မြို့နယ်မှာ Mask Camping ပြုလုပ်နေစဉ်မြင်ကွင်းများ

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ အင်းစိန်မြို့နယ်ပြီးရင် တောင်ဥက္ကလာပမြို့နယ်က ၂၃ဦး၊ မရမ်းကုန်းမြို့နယ်က ၁၇ဦးနဲ့ အများဆုံးမြို့နယ်တွေအဖြစ်ရပ်တည်နေပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ Semi Lock Down ဖြေလျှော့ခြင်းမရှိသေးတဲ့ တစ်ခုတည်းသော မြို့နယ်ကလည်း အင်းစိန်မြို့နယ်ဖြစ်နေတာကို သတင်းအချက်အလက်တွေအရသိရပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာ COVID 19 ရောဂါကူးစက်မှုအခြေအနေက ဇွန်လ (၂၇)ရက်နေ့ မနက် (၈)နာရီထုတ်ပြန်ချက်အထိ ရောဂါကူးစက်ခံသူ (၂၉၃)ဦးမှာ သေဆုံးသူ (၆)ဦးရှိပြီး ပြန်လည်ကောင်းမွန်သူ (၂၁၅)ဦးရှိတာကြောင့် ဆေးကုသမှုခံယူနေရသူက (၇၂)ဦးသာ ကျန်ရှိပါတော့တယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က