လူတွေရဲ့အကျင့်က အရာတစ်ခုကိုကြာကြာသုံးစွဲလာရရင်ငြီးငွေ့လာတယ်။ နိုင်ငံခြားကသူတွေက အခုဆိုသူတို့အနေနဲ့ Facebook သုံးရတာငြီးငွေ့တဲ့အဆင့်ရောက်လို့ တစ်ခြားဟာပြောင်းသုံးနေပြီလို့
မဖြိုးဖြိုးအောင်ကပြောပါတယ်။
နိုင်ငံတကာနဲ့ယှဉ်ရင်မြန်မာနိုင်ငံက နည်းပညာပိုင်းဆိုင်ရာနောက်ကျတဲ့အတွက် ဒီချိန်ထိ facebook သုံးစွဲရာမှာ မငြီးငွေ့သေးဘဲ စွဲလန်းနေဆဲဖြစ်တယ်လို့ ဇွန်လ(၂၉)ရက်နေ့က ရန်ကုန်မြို့ Pan Pacific Hotel မှာကျင်းပပြုလုပ်ခဲ့တဲ့ "၂၀၂၀ နှင့်လူမှုကွန်ရက်ဂယက်" ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ မဖြိုးဖြိုးအောင်ကပြောခဲ့တာပါ။
“အားလုံးသိတဲ့တိုင်းကျွန်တော်တို့ နိုင်ငံမှာက နည်းပညာပိုင်းကနောက်ကျနေတယ်။ Social Mediaအပိုင်း၊ Application တွေကအစ အကုန်လုံးနောက်ကျနေတယ်။ Google တောင်မကြည့်တတ်တဲ့သူတွေလည်းတစ်ပုံကြီးပဲ၊ သူများနိုင်ငံကဒါတွေစောနေတယ်။
လူတွေရဲ့အကျင့်က အရာတစ်ခုကိုကြာကြာသုံးစွဲလာရရင်ငြီးငွေ့လာတယ်။ နိုင်ငံခြားကသူတွေက အခုဆိုသူတို့အနေနဲ့ Facebook သုံးရတာငြီးငွေ့တဲ့အဆင့်ရောက်လို့ တစ်ခြားဟာပြောင်းသုံးနေပြီ။
လွန်ခဲ့ဲတဲ့(၅)နှစ်လောက်ကတည်းက Facebook မသုံးတော့ဘူး။
မြန်မာနိုင်ငံမှာတော့ ခုထိသုံးနေဆဲ၊ တစ်ခုပြီးတစ်ခု Instagram တွေဘာတွေပြောင်းသုံးလာမှာပါ " လို့ မဖြိုးဖြိုးအောင်က Duwun ကိုပြောပါတယ်။
Facebook ဟာ ပြည်သူအများသုံးစွဲနေတဲ့အရာတစ်ခုဖြစ်ပြီး သုံးတဲ့ရင်ဆေး၊ မသုံးတက်ရင်ဘေးဆိုပြီး ဒီဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြပါသေးတယ်။
ပါဝင်ဆွေးနွေးခဲ့တဲ့ မိတ်ကပ်ပညာရှင်မထက်က Social Mediaဟာကောင်းကျိုး၊ ဆိုးကျိုးတွေဒွန်တွဲနေပြီး နောက်နှစ်ပေါင်းဘယ်အချိန်ထိသုံးနေရအုံးမလဲဆိုတာမသိတဲ့အတွက် အကောင်းဆုံးဘယ်လိုသုံးမလဲဆိုတာကိုဘဲတွေးတယ်လို့ပြောခဲ့ပါတယ်။
၂၀၂၀ နှင့်လူမှုကွန်ရက်ဂယက်ဆွေးနွေးပွဲဟာ မြန်မာ့လူမှုကွန်ရက်ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး၊ စိန်ခေါ်မှုများကို အပြုသဘောအဆိုပြုဆွေးနွေးအဖြေရှာတဲ့ ဆွေးနွေးပွဲတစ်ခုဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးကနေဦးစီးကျင်းပတာလည်းဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာတော့ နယ်ပယ်အလိုက်အောင်မြင်မှုရရှိထားတဲ့ အသိပညာအတတ်ပညာရှင်များ၊ အနုပညာရှင်များနှင့် လုပ်ငန်းရှင်များကပါဝင်ဆွေးနွေးခဲ့ကြတာပါ။
Share