ဗီဇာနဲ့ဝင်ရောက်လာသူ (၃၀)% နဲ့ နယ်စပ်ဂိတ်ကဝင်ရောက်လာသူ (၁၇)% ရှိတယ်လို့ိရပါတယ်။
Ei Ei Htun

မြန်မာနိုင်ငံကို လာရောက်လာပတ်တဲ့ နိုင်ငံခြားသားတွေထဲမှာ တရုတ်၊ ထိုင်း၊ ဂျပန်၊ ကိုရီးယားလူမျိုးတွေက အများဆုံးဖြစ်တယ်လို့သိရပါတယ်။

၂၀၁၉ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွားဝင်ရောက်လာမှုက မနှစ်ကထက် တိုးတက်လာသလို နိုင်ငံခြားဝင်ငွေလည်းတိုးတက်လာတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

နိုင်ငံခြားသားခရီးသွားဝင်ရောက်လာမှုမှာ ဗီဇာနဲ့ ဝင်ရောက်လာမှုက (ဝ.၆၅) သန်း နဲ့ နယ်စပ်က ဝင်ရောက်လာမှုက (ဝ.၈၅)သန်းတိုးတက်လာတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်ကပြောပါတယ်။

“ ဗီဇာနဲ့ ဝင်ရောက်မှုနဲ့ နယ်စပ်ကနေဝင်ရောက်လာတဲ့ ခရီးသွားအားလုံးဆို ဒီနှစ် ပထမလေးလပတ်အတွင်းမှာ စုစုပေါင်း (၁.၅) သန်းတိုးလာတာပေါ့နော်။ ရာခိုင်နှုန်းနဲ့ဆို ဗီဇာနဲ့ ဝင်ရောက်မှုက (၃၀)ရာခိုင်နှုန်း၊ နယ်စပ်ကဝင်ရောက်လာမှုက (၁၇) ရာခိုင်နှုန်းတိုးလာတယ်။ အခုလိုနိုင်ငံခြားသားဝင်ရောက်မှုများလာတော့ နိုင်ငံခြားဝင်ငွေလည်းတိုးလာတာပေါ့၊ ဘယ်လောက်နှုန်းထိတိုးလာတယ်ဆိုတာကို ခုချိန်မှာ ပြောလို့မရသေးဘူး ငွေစာရင်းက နှစ်ကုန်ပိုင်းမှ ချုပ်ရမှာ“ လို့ ဦးမျိုးဝင်းညွန့်က Duwun ကို ဇွန်လ (၄)ရက်နေ့က ပြောကြားခဲ့တာပါ။





photo-ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန

မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားတွေကထဲကမှ တရုတ်၊ ထိုင်း၊ ဂျပန်၊ ကိုရီးယားလူမျိုးတွေက အများဆုံးဖြစ်တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသွားဝင်ရောက်လာမှု ပိုမိုများလာအောင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ကလည်း ခရီးသွားမြှင့်တင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်လျှက်ရှိနေပါတယ်။ ခရီးသွားဝန်ဆောင်မှုကုမ္ပဏီတွေကိုလည်း တိုင်းဒေသကြီးပြည်နယ်တွေအလိုက် လိုင်စင်တွေပေးတော့မှာ ဖြစ်သလို ဝန်ကြီးဌာနအနေနဲ့ကလည်း ဝန်ဆောင်မှုသင်တန်းတွေကိုလည်း ဖွင့်လှစ်သွားမှာလည်းဖြစ်ပါတယ်။ ဧည့်သည်ပိုများအောင်လည်း ဗီဇာ ဖြေလျော့တာတွေဆောင်ရွက်သွားမယ်လို့ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က ပြောကြားခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က