ဒီရက်ပိုင်းအတွင်းနေ့အပူချိန်တွေက မြင့်တက်လျှက်ရှိနေမှာပါ။
Ei Ei Htun

မေလ ပထမအပတ်အတွင်းမှာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘဂ်လားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခုက အားကောင်းလာခဲ့ရင် မြန်မာနိုင်ငံကို မုန်တိုင်းငယ်တစ်ခု ဝင်ရောက်တိုက်ခတ်နိုင်တယ်လို့ မိုးဇလက မေလ ပထမအပတ်က ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်

အဆိုပါလေဖိအားနည်းရပ်ဝန်းက မေလ(၆)ရက်နေ့ကစပြီး အားပျော့ပျက်ပြယ်သွားပြီဖြစ်လို့ မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်လာနိုင်ဖွယ်မရှိတော့ဘူးလို့ မိုးလေဝဒနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။

“ ပမထခန့်မှန်းထားတဲ့ မုန်တိုင်းသတင်းက ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းလည်း အားပျော့သွားပြီဆိုတော့ မုန်တိုင်းလည်းဖြစ်လာနိုင်စရာမရှိတော့ပါဘူး။ ဒါပေမယ့် နောက်လာမယ့် (၁၀)ရက်နဲ့ (၁၁)ရက်လောက်မှာလည်း လေဖိအားနည်းရပ်ဝန်းတစ်ခုတော့ဖြစ်လာနိုင်စရာရှိတယ်။ လေဖိအားနည်းရပ်ဝန်းသာဖြစ်လာခဲ့ရင် မြန်မာနိုင်ငံကို မုန်တိုင်းငယ်အဖြစ်ရောက်နိုင်တယ်လို့ခန့်မှန်းထားတယ်။ ဒါကတော့ စောင့်ကြည့်ရမယ့်အနေအထားပါ” လို့ ဦးကျော်မိုးဦးက ပြောပါတယ်။ 

ဒီရက်ပိုင်းအတွင်းမြန်မာနိုင်ငံရဲ့ နေ့အပူချိန်တွေက မြင့်တက်လျှက်ရှိနေပြီး အခုလို အပူချိန်မြင့်တက်လာတာကလည်း မိုးလေကို သတိရထားမယ့်အနေအထားဖြစ်တယ်လို့ ဆိုပါတယ်။ 

လက်ရှိအချိန်မှာတော့ ဘဂ်လားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်လာနိုင်ဖွယ်မရှိတော့ပေမယ့် မေလ(၁၀)ရက်နေ့မှာ ထပ်မံဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းကိုကြည့်ပြီး မုန်တိုင်းဝင်ရောက်လာနိုင်ဖွယ်ရှိ၊ မရှိကို စောင့်ကြည့်နေဆဲကာလဖြစ်တယ်လို့ ဦးကျော်မိုးဦးက ပြောပါတယ်။ လက်ရှိကာလမှာတော့ မြန်မာနိုင်ငံရဲ့ဒေသအနှံ့အပြားမှာ အပူချိန်မြင့်တက်နေပြီး ဒေသအချို့မှာ စံချိန်တင်အပူချိန်မြင့်မားမှုတွေဖြစ်ပေါ်နေပါတယ်။ 


က္က